လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့ အင်္ဂပူမြို့နယ်၊ ကျီးကြီးကျေးရွာအုပ်စု၊ တဲကြီးစုကျေးရွာတွင် လေဘေးကြောင့် လုံးဝပျက်စီးခဲ့သောအိမ်ခြေ(၁)လုံး၊ အိမ်ခြေ(၁)လုံးမှ အိမ်ထာင်စု(၁)စုရှိလူဦးရေ(၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောင်ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၈၄၀၀/-) ကျပ် ကို (၈-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_aug 2019

Sign Up

Upcoming Events