လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ အပော်ဆိပ်ကျေးရွာ (ပသျှူးချောင်း)၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ပြိုကျပျက်စီးခဲ့သော ပြိုကျနေအိမ် (၃)လုံးမှ အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)၊ အမိုးလန်ပျက်စီးခဲ့သောနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၀၀၀၀/-)၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇၈၀၀/-) ၊ ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံငွေ (၅၀၀ဝဝ/-) စုစုပေါင်းထောက်ပံ့ငွေ (၄၆၇၈၀၀/-)ကျပ်တို့ကိုလည်းကောင်း၊ (၅-၈-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ အပေါ်ဆိပ်ကျေးရွာ တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၉)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုး ထောက်ပံ့ငွေ (၁၈၉၀၀/-)စုစုပေါင်းထောက်ပံ့ငွေ(၆၈၉၀၀/-)ကျပ်တို့ကို (၇-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#mon_aug 2019

Sign Up

Upcoming Events