Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇/၈-၈-၂၀၁၉) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အောင်ကောင်းညွန့်ကျေးရွာ၊ ငွေတောင်ကျေးရွာအုပ်စု၊ ဗိုလ်တဲကျေးရွာနှင့် ချမ်းသာကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၀၀၀၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ်(၁၃)လုံးနှင့် အမိုးလန်နေအိမ်(၃၆)လုံးရှိ လူဦးရေ (၂၅၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၄၁၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၈၄၁၈၀၀ိ/-)ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၁၃)အိမ်ထောင်စာအား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ (၉.၈.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2019 Source:         ပဲခူးတိုင်းဦးစီးမှူးရုံး

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (ကံလှ၊ ရဲကွင်း၊ သမုဒ္ဒရိုး၊ နိဗ္ဗာန်၊ အင်းတလူ)ကျေးရွာအုပ်စု (၅)စုရှိ ကျေးရွာခွဲ(၇)ရွာတို့တွင် (၇-၈-၂၀၁၉)နေ့ လေဘေးသင့်ပြိုလဲအိမ်ခြေ (၂)လုံး၊ အမိုးလန်အိမ်ခြေ(၇)လုံး၊ ၎င်းအိမ် ထောင်စု(၉)စုရှိ လူဦးရေ(၃၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး(၄၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုး(၈၁,၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၅၃၁,၉၀၀) ကျပ်ကိုလည်းကောင်း၊ ပြိုလဲအိမ်ခြေ(၂)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးစီနှင့် တာပေါ်လင်စ(၁)ချပ် စီကိုလည်းကောင်း (၉-၈-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့ နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဆောမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉ ) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယောမင်းကြီးဦးဖိုးလှိုင်ခန်းမ၌ ဆောမြို့နယ်ဦးစီးမှူးရုံးကို ဖွင့်လှစ်ခဲ့ရာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ (၃၂)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။ #otr #mgy_aug 2019 Source; ဂန့်ဂေါခရိုင်ဦးစီမှုးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ လွိုင်ကော်တက္ကသိုလ်ရှိ ကျောင်းသား/သူ(၄၅၀)ဦးကိုလည်းကောင်း၊ လွိုင်ကော်မြို့၊ အထက(၃)ကျောင်းရှီ ကျောင်းသား/ သူ(၂၅၀)ဦးအား လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #kyh_aug 2019 Source; ကယားပြည်နယ်ဦးစီမှုးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လေလံပင်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းလေးကျေးရွာ၌ (၆-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံးတစ်စိတ်တစ်ပိုင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ ဒဏ်ရာရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀/-)ကျပ်အား(၇-၈-၂၀၁၉)ရက်နေ့(၁၂း၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_sgw #ayy_aug 2019

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကနိကျေးရွာအုပ်စု၊အညွန်ကျေးရွာ၌ (၆-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် (သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း) တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၅၀၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း (၆၀၅၀၀/-) ကျပ်အားလည်ကောင်း၊ ကွန်ဒိုင်းကျေးရွာအုပ်စု၊ ကွန်ဒိုင်းကျေးရွာ၌ (၆-၈-၂၀၁၉)ရက်နေ့ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ခြင်းအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၁)စုစာ၊ လူဦးရေ(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်စုစုပေါင်း (၁၀၈၄၀၀/-)ကျပ်တို့ကို(၇-၈-၂၀၁၉)ရက်နေ့ (၉:၃၀)အချိန်တွင်  … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့တွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှုတ်ရှည်ကျေးရွာအုပ်စု၌ ပြည်သူလူထု (၁၀၀) ဦးဖြင့် သဘာဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များလည်းဝေငှခဲ့ပြီး မိုးကြိုးဗီနိုင်း ပိုစတာများပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #bog_aug 2019 Source; ပြည်ခရိုင်ဦးစီမှုးရုံး (ဘစမ)  

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် မွန် ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့၌ (၅-၈-၂၀၁၉)ရက်နေ့တွင် ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့အတွင်း ကယ်ဆယ်ရေးစခန်းပေါင်း(၄၀)ရှိထပ်တိုး ရေဘေးရှောင် အိမ်ထောင်စု(၁၈၄)စု၊ လူဦးရေ(၈၆၁)တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၈၀၈၁၀၀/-)ကျပ်အား (၉-၈-၂၀၁၉)ရက်နေ့(၁၆း၀၀)နာရီတွင် ရေဘေးသင့်ပြည်သူထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီမှူးရုံး (ဘစမ) #ha_fld #mon_aug 2019

Sign Up

Upcoming Events