Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉)ရက်နေ့တွင် ကျောက်တန်းမြို့နယ် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်များ၊ ပြည်သူ များ စုစုပေါင်းလူဦးရေ(၁၃၀)ဦးကျော်တို့ကို ဥပဒေ၊ နည်းဥပဒေပါ အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သော အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source; ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug 2019

  • ရေဘေးပြည်သူများအတွက် ပညာရေးဝန်ကြီးဌာနနှင့် ကုမ္ပဏီများက အလှူငွေများလာရောက်လှူးဒါန်းခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဝန်ထမ်းမိသားစုများက အလှူငွေကျပ် (၃,၀၀၀,၀၀၀ိ/-) (ကျပ်သိန်း သုံးဆယ်တိတိ/-)၊ GBG Industry Co;Ltdက အလှူငွေကျပ် (၃,၀၀၀,၀၀၀/-) (ကျပ်သိန်း သုံးဆယ်တိတိ/-)၊ မြန်မာပိတောက်ကုမ္ပဏီနှင့်ဝန်ထမ်းမိသားစုတို့က အလှူငွေကျပ် (၁၅,၀၀၀,၀၀၀/-)(ကျပ်သိန်း တစ်ရာ့ငါးဆယ်တိတိ/-) အား ဝန်ကြီးဌာနသို့အသီးသီးလာရောက် ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #hl1 #npw_aug2019 နေပြည်တော်၊သြဂုတ် … Read more

  • ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီ မြို့နယ်မှ ရေဘေးသင့်ပြည်သူ (၁၀၀၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀၀၀၀/-)ကျပ်အား (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁း၀၀)အချိန်တွင် တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန ရေဘေးကွပ်ကဲရေးရုံးသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019

  • ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉)ရက်နေ့မှ (၁၄-၈-၂၀၁၉)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊  ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ  ပြိုလဲနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၃,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃,၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (ပလပ်စတစ်ပုံးအပါ) (၃)အိမ်ထောင်စာအား  (၁၅-၈-၂၀၁၉)ရက်နေ့ (၁၄ဝဝ)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက်နေ့မှ (၁၄-၈-၂၀၁၉)ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မော်ရကျေးရွာအုပ်စု၊ သရက်တပင် ကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ  ပြိုလဲနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၇)စုနှင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၁၂)လုံးမှ လူဦးရေ (၃၉၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈၃၇,၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၅၃၇,၉၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၇)အိမ်ထောင်စာအား  (၁၅-၈-၂၀၁၉)ရက်နေ့ (၁၂ဝဝ)နာရီအချိန်တွင် ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (မြို့မ)အနီး၊ မြို့မရဲစခန်းရှေ့လမ်းဆုံ၌ ရေကြီးရေလျှံမှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ပြည်သူအများ သရှိနိုင်စေရန် ယခင်စိုက်ထူထားခဲ့သော ငလျင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အစား ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ် ပိုစတာကို လဲလှယ်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2019 Source:           ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက် နေ့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၌ ရေဘေးကူညီပို့ဆောင်ရေးလုပ်ငန်းကူညီဆောင်ရွက်နေစဉ် ရေစီး၌မျောပါသေဆုံးခဲ့သော တပ်မတော်သားတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်အား (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁း၀၀)အချိန်တွင် သေဆုံးသူမိသားစုထံသို့  ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_aug 2019 Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက် နေ့တွင် တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာမှ တနင်္သာရီမြစ်ရေမြင့်တက်နေချိန် ရေထဲပြုတ်ကျသေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကျပ်အား (၁၄-၈-၂၀၁၉)ရက်နေ့ (၁၁း၃၀)အချိန်တွင် သေဆုံးသူ၏ မိသားစုထံသို့  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့နှင့် (၁၁-၈-၂၀၁၉)ရက်နေ့များတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စု၊ ကျေးရွာ(၁၀)ရွာ၌ မိုးထန်စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၂၂) လုံး နှင့် ရေမျောပျက်စီးနေအိမ်(၂)လုံး၊ စုစုပေါင်း(၂၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၆၀၀၀၀၀/-)ကျပ်၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ စုစုပေါင်း(၁၄၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၉၄၀၀၀/-)ကျပ်ကို လည်းကောင်း၊ ပရည်ကျွန်းကျေးရွာ မြေပြိုဘေးမှကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့နေထိုင်သူဦးရေ(၅၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၇၁၀၀/-)ကျပ်ကိုလည်းကောင်း၊ စလွန်အော်ကြီးကျေးရွာမှ မြေပိ သေဆုံးသူအမျိုးသမီး(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ပန်းဇင်ကျေးရွာမှ မြေပိ၍ … Read more

Sign Up

Upcoming Events