Author Archives: Department of Disaster Management
-
မိုးကြိုးထိမှန် သေဆုံးအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ပြည်ခရိုင် သဲကုန်းမြို့နယ် ကြို့ကုန်းအုပ်စု သပြေကုန်းကျေးရွာနေ (ဘ) ဦးသောင်းညွန့်၏သား မောင်မျိုးမင်းအောင် (၁၇)နှစ် သည် (၂၉-၈-၂၀၁၉) ရက်နေ့၌ ရွာ၏အရှေ့ဘက် လယ်ကွင်းပြင်တွင် မြက်ရိတ်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့သဖြင့် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)တိတိအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မိသားစုဝင်များထံသို့ (၂-၉-၂၀၁၉) ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_sep_2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး
-
မြေပြိုဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၃၁.၈.၂၀၁၉)နေ့ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာမှ မြေပြိုဘေးသင့် တိုက်အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်း ကယ်ဆယိရေးပစ္စည်း(၁၆)မျိုး (၁)စုစာ၊ လူ(၄)ဦးအတွက်ဆန်ဘိုး (၈၄၀၀)ကျပ် တို့အား (၂.၉.၂၀၁၉)နေ့ (၁၂း၁၅)အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #tny_sep_2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး
-
ဆရာ/မ များနှင့် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၂.၉.၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန် မြောင်းမြပညာရေး ကောလိပ်တွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ နှင့် ဘော့ပင်များအား ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sep_2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ုကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရွှေဘိုခရိုင်အတွင်း ငလျင်လှုပ်ခတ်သည့်ဒေသများသို့ သွားရောက်၍ လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်း
၂၀၁၉ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့၊ ည(၉)နာရီ၊(၃၉)မိနစ် အချိန်က ရွှေဘိုမြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး (၆.ဝ)ဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရုံးမှုများနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းကရွှေဘိုနည်းပညာတက္ကသိုလ်သို့ရောက်ရှိကာ စစ်ကိုင်းဒေသြုကီးဝန်ကြီးချုပ်နှင့်အတူ ပျက်စီးမှုအခြေအနေများကို လှည်လည်ကြည့်ရှုပြီးနောက် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တနင်္သာရီမြို့နယ်အတွင်းရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့အားပေးမှုများဆောင်ရွက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများနှင့်တနသာၤရီတိုင်းဒေသကြီးအတွင်း ရေနစ်မြုပ်သွားသောစိုက်ပျိုးသီးနှံများ အတွက် ထောက်ပံ့မှုများပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်၊ တနင်္သာရီမြို့သို့ ရောက်ရှိပြီး မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တနင်္သာရီမြို့၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တနင်္သာရီမြို့နယ် အတွင်းရေဘေးဖြစ်ပွားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ပေးရာမှ သက်တမ်းတိုမျိုးစပါးအတွက် … Read more
-
မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၌ (၂၈-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော မြေပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ် (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၃၅၇၀၀/-)ကျပ်တို့အား (၃၀-၈-၂၀၁၉) ရက်နေ့ (၁၂းဝဝ)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_lsd … Read more
-
ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေများအသီးသီးလာရောက်လှူဒါန်း
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံဆိုင်းဂီတအသင်း (ဗဟို)က စုပေါင်းလှူဒါန်းငွေကျပ် ၁,၅၀၀,၀၀၀/- (ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)၊ မြန်မာနိုင်ငံ ဆိုင်းဂီတအသင်း (ပျဉ်းမနားမြို့)က စုပေါင်းလှူဒါန်းငွေကျပ် ၁,၀၀၀,၀၀၀ိ/- (ကျပ်ဆယ်သိန်း တိတိ)နှင့် ရမည်းသင်းမြို့နယ်၊ သစ္စေးကျေးရွာ (အ.ထ.က) ကျောင်းသူ၊ ကျောင်းသားများနှင့် ပေါက်အိုင်ကျေးရွာသူ၊ ကျေးရွာသားများက စုပေါင်းလှူဒါန်းငွေကျပ် ၁၀၅,၀၀၀ိ/- (ကျပ်တစ်သိန်း ငါးထောင်တိတိ)နှင့် ငွေကျပ် ၁၃၂,၅၀၀ိ/- (ကျပ်တစ်သိန်းသုံးသောင်းနှစ်ထောင့်ငါးရာတိတိ) တန်ဖိုးရှိ ဆန်အိတ်(၅)အိတ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၈-၂၀၁၉) ရက်နေ့၊ (၉း၀၀)အချိန်မှ (၁၁း၃၀)အချိန်ထိ ၊မရမ်းကုန်းမြို့နယ်၊ အ.ထ.က(၂) ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #ygn_aug2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၈-၂၀၁၉) ရက်နေ့တွင် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း ၊မရမ်းကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ (၄၀၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ အား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_aug2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၈-၂၀၁၉) ရက်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၊ (စန္ဒိမာခန်းမ) မရမ်းကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ အား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_aug2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
