Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အေရာကျေးရွာအုပ်စု၊ အေရာကျေးရွာတွင် (၃-၉-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး၊ ဓနိကာ)နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး (၁) အိမ်ထောင်စာတန်ဖိုး-(၃၆၂၅၃/-)ကျပ်ကို(၅-၉-၂၀၁၉)ရက်နေ့၊ နံနက်(၁၅း၁၅)နာရီအချိန်တွင် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw #ayy_sep 2019

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်း တနော်မြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာ၌ (၄-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀ဝဝဝ/-)ကျပ်၊ အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၅၁၀၀ဝ/-)ကျပ်နှင့် ပြိုကျပျက်စီးနေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)အိမ်ထောင်စာကို (၅-၉-၂၀၁၉) ရက်နေ့ (၁၄း၁၅)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ … Read more

  • ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၉) ရက်နေ့တွင်ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ချမ်းမြသာယာရပ်ကွက်၊ ဘူတာဈေးအနီး၌ မိုးသည်းထန်စွာရွာသွန်းပြီး ကုက္ကိုလ်ပင်လဲကျရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်အား (၅-၉-၂၀၁၉)ရက်နေ့(၁၃း၀၀)နာရီအချိန်တွင် ပြည်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_fld #bgo_sep 2019

  • လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသောဘေးသင့်အိမ်ခြေများအတွက် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉)ရက်နေ့ (၂၂:၃၀)နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသော မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်မှ နေအိမ်(၁၄၂)လုံး၊ အိမ်ထောင်စု(၁၄၂)စုမှ လူဦးရေ (၆၈၄)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄၃၆၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၃၀၁၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၇၃၇၄၀၀/-)ကျပ်အားလည်းကောင်း၊ မော်လမြိုင်မြို့၊ ဇေယျသီရိရပ်ကွက်မှ နေအိမ်(၇၈)လုံး၊ အိမ်ထောင်စု(၇၈)စုမှ လူဦးရေ(၃၈၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၁၄၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၃၂၅၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၁၃၉၈၀၀/-)ကျပ်တို့ကို (၄-၉-၂၀၁၉)ရက်နေ့တွင်  ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် သွားရောက် ထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # … Read more

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ ရွာမဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင် ကျောင်းသား/ကျောင်းသူ (၄၅) ဦးအတွက် ဆန်ရိက္ခာ(၁)လစာ၊ ဆန်(၁၄) အိတ်၊ (၁) ပြည်၊ (၄) ဘူးအား (၄-၉-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ  ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #rke_sep 2019

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြု့နယ်၊ ဝဲကြီးဝကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာတွင် (၁.၉.၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီး နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၀၆၃၀၀/-)ကျပ်အား(၄-၉-၂၀၁၉)ရက်နေ့၊(၁၁း၃၀) နာရီချိန်တွင် ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_sep 2019

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၉)ရက်နေ့မှ (၆-၉-၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၃/၂၀၁၉)ကို ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၄-၉-၂၀၁၉)နေ့ (၀၉း၀၀)အချိန်တွင် သင်တန်းသား/သင်တန်းသူ (၃၀)ဦးတို့ဖြင့် ဖွင့်ပွဲပြုလုပ်ခဲ့ပြီး၊ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတိုင်းဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတိုင်းဦးစီးမှူး၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဥက္ကဌ တို့တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၁-၉-၂၀၁၉)ရက်နေ့နှင့်(၂-၉-၂၀၁၉) ရက်နေ့တို့တွင် မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာနှင့် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၃၆,၅၀၀/-)ကျပ်၊ စုစုပေါင်း (၁,၀၃၆,၅၀၀/-)ကျပ်အား(၃-၉-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့်အတူ လိုက်ပါထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_sep 2019

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၉) ရက် နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၅,၂၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၂၂၅,၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စာ (တန်ဖိုးငွေ-၇၄,၇၀၆/-)ကျပ်အား (၃-၉-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့်အတူ လိုက်ပါ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_sep 2019

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ငလပွေ့ကျေးရွာ၌ လေပြင်းတိုက်ပြီး မိုးရွာသွန်းမှုကြောင့် ဓါတ်မီးတိုင်မှ ပြုတ်ကျနေသောသွပ်ကြိုးအနီးရောက်စဉ် ဓါတ်လိုက် သေဆုံးသူ (၂)ဦးအတွက် ထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်အား (၃-၉-၂၀၁၉)ရက်နေ့တွင် ငလပွေ့ကျေးရွာရှိ သေဆုံးသူမိသားစုလက်ဝဃ်ရောက်သွား ရောက်ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #rke_sep 2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events