လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အေရာကျေးရွာအုပ်စု၊ အေရာကျေးရွာတွင် (၃-၉-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး၊ ဓနိကာ)နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး (၁) အိမ်ထောင်စာတန်ဖိုး-(၃၆၂၅၃/-)ကျပ်ကို(၅-၉-၂၀၁၉)ရက်နေ့၊ နံနက်(၁၅း၁၅)နာရီအချိန်တွင် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

#ayy_sep 2019

Sign Up

Upcoming Events