လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉)ရက်နေ့ (၂၂:၃၀)နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသော မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်မှ နေအိမ်(၁၄၂)လုံး၊ အိမ်ထောင်စု(၁၄၂)စုမှ လူဦးရေ (၆၈၄)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄၃၆၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၃၀၁၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၇၃၇၄၀၀/-)ကျပ်အားလည်းကောင်း၊ မော်လမြိုင်မြို့၊ ဇေယျသီရိရပ်ကွက်မှ နေအိမ်(၇၈)လုံး၊ အိမ်ထောင်စု(၇၈)စုမှ လူဦးရေ(၃၈၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၁၄၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၃၂၅၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၁၃၉၈၀၀/-)ကျပ်တို့ကို (၄-၉-၂၀၁၉)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် သွားရောက် ထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
# ha_stt
#mon_sep 2019