Author Archives: Department of Disaster Management
-
ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စုနှင့် သိမ်ဇရပ်မြို့၊ အမှတ်(၂)ရပ်ကွက်တို့၌ (၅-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ( ၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၆၈၀၀/-)ကျပ်၊ စုစုပေါင်း (၂၁၆၈၀၀/-)ကျပ်တို့အား (၆-၉-၂၀၁၉)ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများထံသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၁၉)ရက်နေနှင့်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက် တောင်တွင်းစုလမ်းတွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်ပြိုလဲနေအိမ် ( ၁ ) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၁) အိမ်ထောင်စာတို့အား(၆-၉-၂၀၁၉)ရက်နေ့ (၁၃:၃၀)အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများသက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၉) ရက်နေနှင့်(၄-၉-၂၀၁၉ )ရက်နေ့တို့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုနှင့်ကျန်တောကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်ပြောင်းရွေ့ အိမ်ထောင်စု(၄၁၂)စုရှိ လူဦးရေ (၁၆၅၇)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၄၇၉၇၀၀/-)ကျပ်နှင့် (၁-၉-၂၀၁၉) ရက်နေ့ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာအုပ်စု၊ သစ်ချိုဘုရားလေးကွင်းတွင်ဖြစ်ပွားသောရေဘေးမှ သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၇၇၉၇၀၀/)ကျပ်အား (၆-၉-၂၀၁၉)ရက်နေ့တွင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ … Read more
-
ယာယီစာသင်ကျောင်းဆောင်အတွက် လိုအပ်သောသွပ် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏လမ်းညွှန်မှုဖြင့် ခင်ဦးမြို့နယ်၊ ဆီဆုံလေးကျေးရွာ၊ (အ.မ.က)ကျောင်း ယာယီစာသင်ဆောင်အတွက် လိုအပ်သောသွပ်(၂၃၆)အား (၆-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #sgg_sep 2019
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာရှိ ရေဘေးရှောင် အိမ်ထောင်စု(၆)စုအနက် အိမ်ထောင်စု(၄)စုမှ ကျောင်းသူ(၅)ဦးအတွက် ကလေးကျောင်းဝတ်စုံ(မ)(၅)စုံအား (၆-၉-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_fld #mgy_sep 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် သံတောင်မြို့ အ.ထ.က.(ခွဲ) ပျားစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျေးရွာသူ/သား ကျောင်းသား/ ကျောင်းသူူအင်အား(၂၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မီးဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင် ရန်အချက်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ကိုလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_ sep 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် မိတ်ဆက်အတည်ပြုခြင်းအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၉) ရက်နေ့ (၀၉း၀၀)နာရီတွင် IOM အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက် မိတ်ဆက်အတည်ပြုခြင်းအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၆၅)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ဦးစီးမှူးမှ ရခိုင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ရေးဆွဲရေးလုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး … Read more
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၄)စု၊ ကျား(၃၄)ဦး၊ မ(၅၆)ဦး၊ လူဦးရေ (၉၀)ဦးအတွက် ဆန်ရိက္ခာ (၁၄)ရက်စာအတွက် ဆန်(၁၃) အိတ် (၃) ပြည်အား (၆-၉-၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #rke_sep 2019
-
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသောဘေးသင့်အိမ်ခြေများအတွက် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉)ရက်နေ့ (၂၂:၃၀)နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသော မော်လမြိုင်မြို့နယ်အတွင်းရှိ ဖက်တန်းရပ်ကွက်မှ နေအိမ်(၇၂)လုံး၊ အိမ်ထောင်စု(၇၂)စုမှ လူဦးရေ(၃၀၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၄၀၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၄၁၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၅၀၅၀၀/-)ကျပ်၊ အောက်ကျင်းရပ်ကွက်မှ နေအိမ်(၅၉)လုံး၊ အိမ်ထောင်စု(၅၆)စုမှ လူဦးရေ (၃၃၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၀၉၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၂၀၉၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၉၁၉၄၀၀/-)ကျပ်၊ လှိုင်ရပ်ကွက်မှ နေအိမ်(၃၃)လုံး အိမ်ထောင်စု(၃၃)စု လူဦးရေ(၁၈၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၉၄၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၉၃၆၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၃၁၄၀၀/-)ကျပ်၊ ညောင်ပင်ဆိပ်ရပ်ကွက်မှ နေအိမ်(၂)လုံး အိမ်ထောင်စု(၂)စု လူဦးရေ(၁၀)ဦးအတွက် … Read more
-
မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင်ခန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၁၉) ရက်နေ့တွင် plan internation နှင့်ပူးပေါင်း၍ အထက (၃)မင်္ဂလာတောင်ညွန့်မြို့နယ်၊ မိန်းကလေးကျောင်း၌ ဆရာမများနှင့် ကျောင်းသူ(၄၀၀)ဦးကို မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင်ခန်းအားကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပါကြောင်း သတင်းရရှိပါသည်။ Sourceး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #simex_eqk #ygn_aug 2019
