သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် မိတ်ဆက်အတည်ပြုခြင်းအခမ်းအနားကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၉) ရက်နေ့ (၀၉း၀၀)နာရီတွင် IOM အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက် မိတ်ဆက်အတည်ပြုခြင်းအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၆၅)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ဦးစီးမှူးမှ ရခိုင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ရေးဆွဲရေးလုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

# rke _ sep 2019

Sign Up

Upcoming Events