လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသောဘေးသင့်အိမ်ခြေများအတွက် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉)ရက်နေ့ (၂၂:၃၀)နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသော မော်လမြိုင်မြို့နယ်အတွင်းရှိ ဖက်တန်းရပ်ကွက်မှ နေအိမ်(၇၂)လုံး၊ အိမ်ထောင်စု(၇၂)စုမှ လူဦးရေ(၃၀၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၄၀၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၄၁၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၅၀၅၀၀/-)ကျပ်၊ အောက်ကျင်းရပ်ကွက်မှ နေအိမ်(၅၉)လုံး၊ အိမ်ထောင်စု(၅၆)စုမှ လူဦးရေ (၃၃၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၀၉၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၂၀၉၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၉၁၉၄၀၀/-)ကျပ်၊ လှိုင်ရပ်ကွက်မှ နေအိမ်(၃၃)လုံး အိမ်ထောင်စု(၃၃)စု လူဦးရေ(၁၈၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၉၄၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၉၃၆၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၃၁၄၀၀/-)ကျပ်၊ ညောင်ပင်ဆိပ်ရပ်ကွက်မှ နေအိမ်(၂)လုံး အိမ်ထောင်စု(၂)စု လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၆၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၇၀၀၀/-)ကျပ်နှင့် ရွှေမြိုင်သီရိရပ်ကွက်မှ ထပ်တိုး နေအိမ်(၂၂)လုံး အိမ်ထောင်စု(၂၂)စု လူဦးရေ(၁၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၃၃၁၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၆၅၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၉၈၁၀၀/-) ကျပ် တို့အား (၅-၉-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

# ha_stt

#mon_sep 2019

Sign Up

Upcoming Events