ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၉) ရက်နေနှင့်(၄-၉-၂၀၁၉ )ရက်နေ့တို့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုနှင့်ကျန်တောကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်ပြောင်းရွေ့ အိမ်ထောင်စု(၄၁၂)စုရှိ လူဦးရေ (၁၆၅၇)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၄၇၉၇၀၀/-)ကျပ်နှင့် (၁-၉-၂၀၁၉) ရက်နေ့ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာအုပ်စု၊ သစ်ချိုဘုရားလေးကွင်းတွင်ဖြစ်ပွားသောရေဘေးမှ သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၇၇၉၇၀၀/)ကျပ်အား (၆-၉-၂၀၁၉)ရက်နေ့တွင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများသက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_sep 2019

Sourceး ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events