သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် သံတောင်မြို့ အ.ထ.က.(ခွဲ) ပျားစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျေးရွာသူ/သား ကျောင်းသား/ ကျောင်းသူူအင်အား(၂၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မီးဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင် ရန်အချက်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ကိုလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#krn_ sep 2019

Sign Up

Upcoming Events