Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ဇေယျာမွန်ရပ်ကွက်နှင့် ကော့ထင်းကျေးရွာအုပ်စုတို့တွင်(၉-၉-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀ဝိ/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀ဝိ/-)၊ လူဦးရေ (၁၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၉၉၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၉၉၀ဝိ/-)တို့အား (၁၀-၉-၂၀၁၉)ရက်နေ့၊ ဇေယျာမွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင် ကော့ထင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့၌ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဟောပြောဆွေးနွေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ (၉.၉.၂၀၁၉)ရက်နေ့ ချောက်မြို့နယ် နရွဲတောကျေးရွာရှိ အထကခွဲကျောင်းရှိ ကျောင်းသား/သူ (၁၇၅)ဦးကို လည်းကောင်း၊ ရွာမကျေးရွာရှိ အထကခွဲကျောင်းရှိ ကျောင်းသား/သူ (၁၅၀)ဦးကိုလည်းကောင်း စုစုပေါင်း ကျောင်းသား/သူ (၃၂၅)ဦးကို ငလျင်၊ မီး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးများနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းများကို ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ar #mgy_sep2019 Source:         ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပခြင်း

      လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် KBCနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တို့ပူးပေါင်းပြုလုပ်သော မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ( ၁၀-၉-၂၀၁၉ )ရက်နေ့ နံနက်( ၀၉ ၀၀)နာရီအချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက် KBC နှစ်ခြင်းအဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး တို့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးမှူး ဒေါ်လှကေသီမာ နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် လူမှုရေးဝန်ကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ ပြီးနောက် ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာနှင့် ကျွန်းကလေးကျေးရွာအုပ်စု၊ ကျွန်းကြားကြီးကျေးရွာတို့၌ (၆-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့သော နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၃)စုမှ ဘေးသင့်ပြည်သူ (၁၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၃၅၇၀ဝိ/-)၊ စုစုပေါင်း (၂၈၅၇၀ဝိ/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၀-၉-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ကျင်းပပြုလုပ်ခြင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၉-၉-၂၀၁၉)ရက်နေ့တွင် မြို့နယ်စုပေါင်းရုံး၊ မြို့နယ်အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကိုသင်တန်းသား/သင်တန်းသူ(၃၀)ဦးဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးချမ်းမြေ့စောက အဖွင့်အမှာစကားပြောကြားခြင်း၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သင်တန်းဖွင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2019 Source:         တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၉.၂၀၁၉)ရက်နေ့၊ (၀၀း၃၀)နာရီခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ရပ်ကွက်၌ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၄၇,၀၀ဝိ/-)၊ လူဦးရေ(၈၄)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၁၇၆,၄၀ဝိ/-)၊ စုစုပေါင်း(၁,၃၂၃,၄၀ဝိ/-)အား (၉.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mon_sep2019 Source:         သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ (၉.၉.၂၀၁၉)ရက်နေ့တွင် ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ကော့ကရိတ်မြို့နယ်၊ အ ထ က(ခွဲ)ဝင်းကြီးကျောင်း၊ဆရာ/ဆရာမ ကျောင်းသူကျောင်းသား(၂၀၀)တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့အားလည်ကောင်း၊ မီးသတ်ဌာနမှ ငလျင်ဘေးဆိုင်ရာ အသိပညာပေးဟောပြောမှုအားလည်းကောင်း၊ ပြန်/ဆက်ဌာနမှ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောမှုအားလည်းကောင်း၊ စားသုံးသူရေးရာဌာနမှ အစားအသောက်နှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်အသိပညာပေးဟောပြောမှုများဖြင့်လည်ကောင်း သွားရောက်၍ သဘာဝဘေးန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_sep2019 Soruce:         ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • စက်လှေနှင့် အသက်ကယ်အင်္ကျီများ ပေးအပ်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ (၃ .၉ ၂၀၁၉) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူ းထံ စက်လှေ (၁)စီး အစုံ နှင့် အသက်ကယ်အကျီ ၤ(၁၀)ထည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2019 Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)  

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကကရံကျေးရွာအုပ်စု၊ ရွာမအနောက်ကျးရွာ၌ (၄-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာဘိုး (၈၄၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀ဝိ/)| စုစုပေါင်း (၁၀၈၄၀ဝိ/-)ကျပ်အား (၉-၉-၂၀၁၉)ရက်နေ့ (၁၀:၃၀)အချိန်တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more

  • ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆.၉.၂၀၁၉) ရက်နေ့ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့နယ်ရှိ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ ရေဘေးရှောင်အိမ်ထောင်စု(၁၉)စု ၊လူဦးရေ(၉၀) ဆန်ရိက္ခာ(၇)ရက်စာ ဆန်ဖိုးငွေ (၁၈၉၀၀ဝိ/)ကို (၉.၉.၂၀၁၉) ရက်နေ့ (၁၅း၀၀)နာရီ ရေဘေးသင့်ပြည်သူထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_sep2019 Source:         ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events