Author Archives: Department of Disaster Management

  •  ကျောင်းသား/သူများအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၉.၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၁း၃၀) နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-ညောင်ချောင်း) ၌ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ အင်အား စုစုပေါင်း(၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ar #mon_sep2019 Source:         သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီမှ (၁၁း၀၀)အထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာအုပ်စု၊ အ-ထ-က-(ခွဲ)ကွန်းရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းသား/သူ(၂၀၁)ဦးအား လည်းကောင်း၊ ကွန်းရွာကျေးရွာအုပ်စု၊ အ-ထ-က(ခွဲ)ရွှေတန်းတစ်တွင် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ ကျောင်းသား/သူ(၂၁၄)ဦး၊ စုစုပေါင်း(၄၁၅)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး ငလျင်လှုပ်ခတ်နေစဥ ်ဆောင်ရန်ရှောင်ရန်များကို လက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ – #Unicode Version# #ar #mgy_sep2019 … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ခနောင်ရွာမကျေးရွာအုပ်စု၊ ခနောင်မီးခြစ်စက်ကျေးရွာတွင် (၂၇-၈-၂၀၁၉)ရက်နေ့(၁၆:၄၅)နာရီအချိန်တွင် ဆီတင်တွဲမီးလောင်ပေါက်ကွဲမှုကြောင့် လူနေအိမ်ခြေ(၂)လုံးပြိုကျပျက်စီးခဲ့ပြီး၊ လူ(၂)ဦးသေဆုံး၊ လူ(၂)ဦး ဒဏ်ရာရခဲ့ရာ၊ သေဆုံးလူ(၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၆၀၀၀၀ဝိ/-)၊ ဒဏ်ရာရရှိသူ(၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀၀၀ဝိ/-) နှင့် ပြိုကျနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၂၀၀၀၀ဝိ/-)၊ အိမ်ထောင်စု(၂)စုမှလူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၄၇၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၉၁၄၇၀ဝိ/-)အား မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ(၁၀-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #ygn_sep2019 Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ကျောင်းသား/သူများအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၁း၃၀) နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ အင်အား စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ar #mon_sep2019 Source:         သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရေမျော ငါးဖမ်းအလုပ်သမားများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၃.၉.၂၀၁၉)ရက်နေ့တွင်ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဖုံးတောင်ချောင်းဝ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းဖောင်အဖွဲ့ ဖြင့်၎င်းပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းသမားများသည် ကျားဖောင်ကျောက်ကြိုးများ ပြုတ်ထွက်ပျက်စီးခဲ့ပြီး၊ (၉.၉.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာချောင်းဝသို့ ထပ်တိုး မျောပါဆိုက်ကပ်လာခဲ့ရာ၊ အဆိုပါထပ်တိုးငါးဖမ်းအလုပ်သမား(၄)ဦးတို့အတွက်ခရီးစရိတ်ငွေ(၁)ဦးလျင် (၁၀,၀၀ဝိ/-)စီဖြင့်(၄၀,၀၀ဝိ/-)အား လည်းကောင်း ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးဖြစ်သည့် ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ (၄)ဦးတို့အတွက်၊ (၁)ဦးလျင်(တန်ဖိုးငွေ-၇,၉၅ဝိ/-)စီဖြင့် (စုစုပေါင်းတန်ဖိုးငွေ-၃၁,၈၀ဝိ/- )တို့အားအားလည်းကောင်း (၁၀.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mon_sep2019 Source:         … Read more

  • လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၉.၂၀၁၉)ရက်နေ့၊ (၀၀း၃၀)နာရီခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၌ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၂၅,၀၀ဝိ/-)၊ လူဦးရေ(၃၀)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၆၃,၀၀ဝိ/-)၊ စုစုပေါင်း(၅၈၈,၀၀ဝိ/-)အား (၉.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ha_sgw #mon_sep2019 Source:         သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရေမျောအလုပ်သမားများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၃၁.၈.၂၀၁၉)ရက်နေ့နှင့် .(၁.၉.၂၀၁၉)ရက်နေ့တွင်ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဖုံးတောင်ချောင်းဝ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းဖောင်အဖွဲ့ ဖြင့်၎င်းပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းသမားများသည် ငါးဖမ်းကျားဖောင်ချုပ်တန်းများ ပြုတ်ထွက်ပျက်စီးခဲ့ပြီး၊ (၇.၉.၂၀၁၉)ရက်နေ့နှင့်(၈.၉.၂၀၁၉)ရက်နေ့တို့တွင် ငါးဖမ်းအလုပ်သမား (၁၁)ဦးတို့မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာနှင့် တပ်မှူးချောင်ကျေးရွာတို့ရှိ ချောင်းဝများသို့ ထပ်တိုး မျောပါဆိုက်ကပ်လာခဲ့ရာ၊ အဆိုပါထပ်တိုးငါးဖမ်းအလုပ်သမား(၁၁)ဦးတို့အတွက်ခရီးစရိတ်ငွေ(၁)ဦးလျင် (၁၀,၀၀ဝိ/-)စီဖြင့်(၁၁၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးဖြစ်သည့် ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ (၁၁)ဦးတို့အတွက်၊ (၁)ဦးလျင်(တန်ဖိုးငွေ-၇,၉၅ဝိ/-)စီဖြင့် (စုစုပေါင်းတန်ဖိုးငွေ-၈၇,၄၅ြိ/- )တို့အား (၉.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • ကမ်းပြိုဘေးထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊(အောက်ဒေါင့်ကြီး၊ အထက်ကဇင်းတော၊ ကုလားမချောင်)ကျေးရွာတို့၌ (၉-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၂၆)လုံး အိမ်ထောင်စု (၂၆)စုမှ လူဦးရေ (၁၂၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၆၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန် ပုံငွေ (၂၆၈၈၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၈၆၈၈၀ဝိ/-) အား (၁၀-၉-၂၀၁၉) ရက်နေ့ (၁၄း၄၅)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၉.၉.၂၀၁၉)နေ့ တနင်္သာရီ မြို့နယ် တမုတ်ချုံးကျေးရွာမီးဘေးမှ မီးဘေးသင့် အုတ်ကြွပ်မိုးပျဉ်ထောင်အိမ်၁လုံးမတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)စုစာ၊ လူ(၅)ဦးအတွက် ဆန်ဘိုး(၁၀၅၀ဝိ/)တို့အား (၁၀.၉.၂၀၁၉)နေ့ (၁၁း၁၅)အချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #tny_sep2019 Source:         မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ပြည်သူများအား DAN app အသုံးပြုပုံများရှင်းလင်းပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၉)ရက်နေ့ ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင် ဖျာပုံခရိုင်ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူ(၁၈၀)ဦးအား ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြည်သူ့အသံကြားနာပွဲကို FDAအဖွဲ့မှကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရည်ရွယ်ချက်၊ ပြည်သူများအတွက် ဆောင်ရွက်မှုပေးနေသည့် လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုများ၊ DAN Mobile Application အသုံးပြုပုံများ ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများတွင်ထည့်သွင်းပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ – #ar #ayy_sep2019 Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events