Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ဖားလက်ခိုအုပ်စု၊ညောင်ပင်စုကျေးရွာတွင်(၁၂-၉-၂၀၁၉)ရက်နေ့နှင့်(၁၃-၉-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသောအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးရန်ပုံငွေ( ၃၇၈၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၃၇၈၀၀/-) ကျပ်ကို (၁၇-၉-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_sep 2019
-
မိုင်းထိဒဏ်ရာရလူနာများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၁၉)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ချုံးကျေးရွာအုပ်စု၊ နမ့်ဖြစ်ကျေးရွာနှင့် နမ့်ဆန်မြို့နယ်၊ နမ့်တွေကျေးရွာတို့ တွင် မိုင်းထိမှန်၍ ဒဏ်ရာရရှိသူ (၂)ဦးအတွက်(၁)ဦးလျှင် ထောက်ပံ့ငွေကျပ် (၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၀၀၀ဝိ/-)အား (၁၆-၉-၂၀၁၉)ရက်နေ့(၁၅း၀၀)နာရီအချိန် တွင် ခရိုင်ဆရာဝန်ကြီး၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများ လက်ဝယ် အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_sep2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ထိတွေ့ဒဏ်ရာရပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ သင်္ဂနက်ကျေးရွာမှ လက်နက်ကြီးကျည်စ ထိမှန်၍ စစ်တွေပြည်သူ့ ဆေးရုံသို့ ဆေးကုသခံယူရန် ရောက်ရှိလာသည့် ဒဏ်ရာရ ပြည်သူ(၂) ဦးဖြစ်သည့် ဦးရွှေထွန်းသိန်း နှင့် ဒေါ်ခင်မာညိုတို့အတွက် တစ်ဦးလျှင် ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-) အား (၁၆.၉.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source: ရခိုင်ပြည်နယ်ဥိးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ (ဖောင်ဆိပ်၊ တာငုတ်၊ငှက်ပျောတော)ကျေးရွာတို့တွင် (၁၆-၉-၂၀၁၉)နေ့ ကမ်းပြိုဘေးသင့် အိမ်ခြေ(၂၉)လုံး၊ ၎င်းအိမ်ထောင်စု (၂၉)စုရှိ လူဦးရေ (၉၀)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၉၀၀၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၈၉၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၀၈၉၀၀ဝိ/-)ကျပ်ကို (၁၇-၉-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၉.၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်ပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀,ဝဝိ/-)၊ လူဦးရေ(၁၄)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၂၉,၄၀ဝိ/-)၊ စုစုပေါင်း(၃၂၉,၄၀ဝိ/-)အား (၁၆.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mon_sep2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရွှေကျင်ဘုန်းတော်ကြီးကျောင်းတွင် (၁၅.၉.၂၀၁၉)ရက်နေ့တွင် ယာယီခိုလှုံနေထိုင်ရန် ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၃)စု၊ ကျား(၁၈)ဦး၊ မ(၃၀)ဦး၊ လူဦးရေ(၄၈)ဦးအတွက် ဆန်ရိက္ခာ (၁၄)ရက်စာ ဆန်(၇)အိတ်အား (၁၆.၉.၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးထိဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးချိုင့်မြို့နယ်၊ ဆပ်ကျကျေးရွာအုပ်စု၊ ကိုးတဲကျေးရွာ၊ ညောင်ပင်စုရပ်တွင် (၁၅-၉-၂၀၁၉)ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးထိမှန်သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ် အား (၁၆-၉-၂၀၁၉)ရက်နေ့တွင် ထီးချိုင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_sep 2019 Sourceး ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၁၆.၉.၂၀၁၉)ရက်နေ့ လွိုင်ကော်မြို့ အ.ထ.က(၇) ကျောင်းရှိ ကျောင်းသား / ကျောင်းသူ(၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_sep2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၆-၉-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုင်း အထက်တန်းကျောင်းတွင်း ကျောင်းသား/သူ (၂၅၀)ဦး၊ ဆရာ/မ (၁၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကော့ကျေးရွာတွင်ဖွင့်လှစ်ထားသည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးစခန်း၌ (၁၆-၉-၂၀၁၉)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီမှ(၁၀း၀၀)နာရီအထိ သဘာဝဘေးအသိပညာပေးကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့်ဖြစ်ပွါး တတ်သောဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်းဘေးအန္တရာယ်မဖြစ်ပွါးမီဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါကတုန့်ပြန်ဆောင်ရွက်သည့် အနေအထားများကို ပြသခြင်း၊ဂိမ်းများကစားခြင်းဖြင့်သင်တန်းသား/သူ(၃၁)ဦးအားဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ sep 2019
