Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၉.၂၀၁၉)ရက်နေ့ နေ့လည် (၁၃း၀၀)အချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ် (၆)ရပ်ကွက် ကရင်နှစ်ခြင်းအသင်းတော်(church)ကျောင်း၌ ကျေးရွာသူ/ကျေးရွာသား အင်အား (၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများကိုလည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_sep2019 Source:         ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့် နေအိမ်(၁)လုံးအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ (၁၅.၉.၂၀၁၉)ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံး မီးဘေးသင့်ခဲ့သဖြင့် နေအိမ်မိသားစုများအား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်ရိက္ခာထောက်ပံ့ငွေ(၈၄၀ဝိ/-)ကျပ်အား (၁၈.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #sgg_sep2019 Source:         ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ် အင်းတ္တော်လုပ် ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာတွင် (၁၇.၉.၂၀၁၉)ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်တိတိအား အား (၁၈-၉-၂၀၁၉)ရက်နေ့ နံနက် (၁၁:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #bgo_sep2019 Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ (၁၅.၉.၂၀၁၉) ရက်နေ့ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မိဿ လင်းကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာတို့တွင်ဖြစ်ပွားသော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ(၁၀၀၀၀ဝိ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၈)လုံးတို့မှ လူဦးရေ(၅၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၁၇၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၇၆၀၀)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ပလပ်စတစ်ပုံးပါ (၁၅)မျိုးတို့အား (၁၈.၉.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #bgo_sep2019 Source:         ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်း   

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၁၇.၉.၂၀၁၉)နေ့  နံနက်(၉း၃၀)တွင် ကျွန်းစုမြို့နယ် အ.ထ.ကကျောင်း၌ ကျောင်းသားကျောင်းသူ နှင့်ဆရာဆရာမအင်အား (၃၀၀)ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ ဘောပင်နှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအသိပညာပေးဗီဒီယိုဖိုင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_sep2019 Source:         မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာ ရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၂၀၂)ဦးအတွက် စားနပ်ရိက္ခာ(၁)လစာ (ဆန် ၆၄အိတ် ၊ ဆီ ၉၂ ပိဿာ၊ ပဲ ၉၂ ပိဿာ၊ ဆား ၄၆ ပိဿာ) အား လူမှုရေးဝန်ကြီး ဦးနေဝင်း၏ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာ နှင့်တာဝန်ရှိသူများသည် (၁၇.၉.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #kcn_sep2019 Source:         … Read more

  • ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီမှူးရုံးနှင့် လယ်ဝေးမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍(၁၇-၉-၂၀၁၉)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင်လယ်ဝေးမြို႕နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ သာယာစုကျေးရွာတွင် ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဝင်ဦးအေးမောင်စိန်၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း လယ်ဝေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်၊ အေလာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ ကျေးရွာသူ /ကျေးရွာသား(၂၀၀) ဦးခန့်တက်ရောက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_sep2019 Source:         ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား(၁၇-၉-၂၀၁၉)ရက်နေ့ (၀၉းဝဝ)နာရီတွင် အခမ်းအနားစတင်ခဲ့ရာ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး(၁၀း၃၀)အချိန်တွင်သင်တန်းသား(၃၀)ဦးနှင့် ဖွင့်ပွဲအခမ်းအနားကို (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါပြီး သင်တန်းသားများနှင့်အတူမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_ sep 2019  

  • ထိတွေ့မှုကြောင့် သေဆုံးပြည်သူတစ်ဦးအားထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု၊ မြောက်ရွာကျေးရွာမှ လက်နက်ကျည်ထိမှန်မှုကြောင့် သေဆုံးသူ အဒူခေါ်ရိမ်(ဘ)အဒူရော်ရှိမ်အတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)ကျပ်အား ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၇.၉.၂၀၁၉) ရက်နေ့တွင် သေဆုံးသူ၏မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source:         ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မိုးကြိုးဘေးသင့်တစ်ဦးအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်တလင်းမြို့နယ်၊ တောင်ယာတောကျေးရွာအုပ်စု၊ တဲတန်းကလေးကျေးရွာ (၁၃.၉.၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံး (၁)ဦးအတွက် (၁၇.၉.၂၀၁၉)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် ထောက်ပံ့ငွေ(၃၀၀၀၀ဝိ)ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူ၏ မိသားစုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_tls #bgo_sep2019 Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events