လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာ ရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၂၀၂)ဦးအတွက် စားနပ်ရိက္ခာ(၁)လစာ (ဆန် ၆၄အိတ် ၊ ဆီ ၉၂ ပိဿာ၊ ပဲ ၉၂ ပိဿာ၊ ဆား ၄၆ ပိဿာ) အား လူမှုရေးဝန်ကြီး ဦးနေဝင်း၏ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာ နှင့်တာဝန်ရှိသူများသည် (၁၇.၉.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#kcn_sep2019
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)