လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၉.၂၀၁၉)ရက်နေ့ နေ့လည် (၁၃း၀၀)အချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ် (၆)ရပ်ကွက် ကရင်နှစ်ခြင်းအသင်းတော်(church)ကျောင်း၌ ကျေးရွာသူ/ကျေးရွာသား အင်အား (၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများကိုလည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_sep2019
Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)