Author Archives: Department of Disaster Management
-
မိုးကြိုးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲအုပ်စု၊ ဝက်သေအရှေ့ကျေးရွာတွင် (၁-၁၁-၂၀၁၉) ရက်နေ့ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် အသက်ဆုံးရှုံးသူ (၁) ဦးအတွက်ထောက်ပံ့ငွေ (၃၀၀၀၀ဝ/-) ကျပ်ကို အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၅-၁၁-၂၀၁၉) ရက်နေ့ (၁၃:၃၀) အချိန်၌ ဘေးဖြစ်ပွားရာကျေးရွာသို့သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_nov2019 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းငယ်အခြေအနေ
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်) (မြန်မာစံတော်ချိန်(၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++ မုန်တိုင်းငယ်အခြေအနေ +++++++++++++ ၁။ (က) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည်ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင် ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့(Maya Bandar)(ကပ္ပလီကျွန်း-Andaman Islands) ၏ အနောက်-အနောက်မြောက်ဘက် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မှက္ကတန်ကျေး ရွာအုပ်စု၊ မှက္ကတန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု(၄) စုရှိ လူဦးရေ (၂၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၈၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၄၈၃၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) (၄) အိမ်ထောင် စာအား … Read more
-
မိုးကြိုးဘေးသင့်သေဆုံးသူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာအုပ်စု၊ ကျုံဓမင်း ရှေ့ဘက်ကွင်း၌ (၂၇-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် တောင်သူ (၄) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများထဲမှ ပြည်သူ(၁)ဦးသည် ဖျာပုံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရစဉ် (၃၀-၁၀-၂၀၁၉)ရက်နေ့တွင် သေဆုံးခဲ့၍ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၅-၁၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_nov2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၉)ရက်နေ့၌ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ လိပ်သေကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှဒဏ်ရာရလူနာ (၃) ဦးအတွက်ထောက်ပံ့ ငွေ (၁၅၀,၀၀၀) ကျပ်အား မိုးကြိုးဘေးသင့်ပြည်သူများထံသို့ (၅-၁၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ #ha_tls #bgo_nov2019 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၄) ရွာတွင် ( ၁-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ အိမ်ထောင်စု (၂) စုစာ၊ တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၈၀,၀၀၀)ကျပ် စုစုပေါင်းလူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၆၇,၂၀၀ )ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄၇,၂၀၀)ကျပ်အား ( ၅-၁၁-၂၀၁၉) ရက်နေ့ (၁၀:၀၀)အချိန်တွင် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၄) ရွာတွင် ( ၁-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ အိမ်ထောင်စု (၂) စုစာ၊ တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၈၀,၀၀၀)ကျပ် စုစုပေါင်းလူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၆၇,၂၀၀ )ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄၇,၂၀၀)ကျပ်အား ( ၅-၁၁-၂၀၁၉) ရက်နေ့ (၁၀:၀၀)အချိန်တွင် … Read more
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် မင်းထီးလမ်းထောင့်၊ ဘူးသီးတောင်မြို့မဈေးရှေ့၌ စိုက်ထူထားသော ရေဘေးအသိပညာပေး ဗီနိုင်းပိုစတာနေရာ၌ မီးဘေးအသိပညာပေးဗီနိုင်းပိုစတာကို (၅-၁၁-၂၀၁၉) ရက်နေ့တွင် ပြောင်းလဲစိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar_fir #rke_nov2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာအုပ်စု၊ ဖားအီကျေးရွာ၌ (၂-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးအိမ်ထောင်စု(၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကို (၄-၁၁-၂၀၁၉) ရက်နေ့၊ (၁၆:၅၀) အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_nov2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံမျက်မမြင်များအသင်းတာဝန် ရှိသူများ လာရောက်တွေ့ဆုံ
နိုဝင်ဘာ ၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ တာဝန်ရှိသူများက ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော အနာဂတ်ကို မျှော်မှန်း၍ မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ဖော်ဆောင်ပေးရန် အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းပြီး မဟာဗျူဟာချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရကဖွဲ့စည်းထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်အဆင့်နှင့် မသန်စွမ်းအဖွဲ့အစည်းများပူးပေါင်း၍ မသန်စွမ်း သူများ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများကိုဆောင်ရွက်ပေးရန်စီမံချက်များ ရေးဆွဲဖော်ဆောင်ရန် မသန်စွမ်းအဖွဲ့အစည်းများက စည်းလုံးညီညွတ်စွာဖြင့် … Read more
