လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာအုပ်စု၊ ကျုံဓမင်း ရှေ့ဘက်ကွင်း၌ (၂၇-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် တောင်သူ (၄) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများထဲမှ ပြည်သူ(၁)ဦးသည် ဖျာပုံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရစဉ် (၃၀-၁၀-၂၀၁၉)ရက်နေ့တွင် သေဆုံးခဲ့၍ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၅-၁၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#ayy_nov2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)