လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

5_Pic_01
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၄) ရွာတွင် ( ၁-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ အိမ်ထောင်စု (၂) စုစာ၊ တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၈၀,၀၀၀)ကျပ် စုစုပေါင်းလူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၆၇,၂၀၀ )ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄၇,၂၀၀)ကျပ်အား ( ၅-၁၁-၂၀၁၉) ရက်နေ့ (၁၀:၀၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဘေးသင့်ပြည်သူများကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw
#ayy_nov2019

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events