Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့၊ (အ.ထ.က) ပန်းတောင်း၌ (၂၇-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှ နံနက် (၁၁:၀၀) နာရီအချိန်အထိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးတို့အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူမျာအား လက်ကမ်းစာစောင်များ၊ ဗလာ စာအုပ်များဝေငှခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ ငလျင်ဘေးဗီနိုင်းပိုစတာ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊  ဆားမလောက်ကျေးရွာ၌ ( ၂၅ – ၁၁ -၂၀၁၉ ) ရက်နေ့တွင်  ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးအတွက်  ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ၊ ( ၁၄,၇၀ဝ/- ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ညောင်တုန်းမြို့နယ်၊ ဝဲဒေါင့်အတွင်းကျေးရွာအုပ်စု၊ ကုန်းဝဲဒေါင့်ကျေးရွာ၌ (၂၆-၁၁-၂၀၁၉ ) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၈၀) ဦးခန့်တက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း  ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2019 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် နောက်ပြန်တိုးကျေးရွာအုပ်စု၊ ကျုံဓမင်းကျေးရွာ၊ အလယ်တန်းကျောင်းတွင် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာပြည်သူများ (၂၃၀) ဦးတို့တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်း ရရှိပါသည်။ #ar #ayy_nov2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ မင်းဘူး(စကု)မြို့နယ်၊ ကြာကန်ကျေးရွာတွင် ပြည်သူလူထု လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ သဘာဝဘေးနှင့်ဆိုင်သော အသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကို သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါကြောင်း  သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_nov 2019

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ

    နိုဝင်ဘာ ၂၆ ၊ နော်ဝေ နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ နိုဝင်ဘာလ (၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Ms. Ine Eriksen Soreide နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကူးပြောင်းရေးတွင် နှစ်ပေါင်းများစွာ ကူညီအားပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိုင်းရှင်းလင်း ရေးဆိုင်ရာ သဘောတူစာချုပ်၏ လက်ရှိဥက္ကဌ နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) နာရီ မှ (၁၅:၃၀) အချိန်အထိ ပျဉ်းမနားမြို့၊ အ.ထ.က (၃) စာသင်ကျောင်းတွင်် ကျောင်းသား/ သူများအား  သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ သူ (၂၈၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

      လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၆ – ၁၁ – ၂၀၁၉ ) ရက်နေ့တွင် ပြည်ခရိုင်၊ ပုတီးကုန်းမြို့၊  အန္တရာယ်ကင်းဓမ္မာရုံ၌  ( ၁၃ : ၀၀ )  နာရီမှ ( ၁၅ : ၀၀ ) နာရီအချိန်ထိ  ပြည်သူလူထုဦးရေ (၁၀၀)   အား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးဟောပြောပွဲ  ကျင်းပပြုလုပ်ခဲ့ပြီး ခေါက်ဆွဲခြောက်ထုပ်၊ … Read more

Sign Up

Upcoming Events