လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ မင်းဘူး(စကု)မြို့နယ်၊ ကြာကန်ကျေးရွာတွင် ပြည်သူလူထု လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ သဘာဝဘေးနှင့်ဆိုင်သော အသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကို သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_nov 2019