ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးစတုတ္ထအကြိမ်မြောက်ကမ္ဘာ့မိုင်းအန္တရာယ်ရှင်းလင်းရေးဆိုင်ရာပြန်လည်သုံးသပ်မှုညီလာခံဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

 

26_Pic_02

နိုဝင်ဘာ ၂၆၊ နော်ဝေ

နော်ဝေနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် အော်စလိုမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့က ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မိုင်း ရှင်းလင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့  မိုင်းရှင်းလင်းရေးဆိုင်ရာသဘောတူစာချုပ်၏ လက်ရှိဥက္ကဌ၊ နော်ဝေနိုင်ငံမှ Crown Prince Mr. Haakon Magnus ၊ အော်စလိုမြို့တော်ဝန် Mrs. Marianne Borgen၊ နိုင်ငံခြားရေးဝန်ကြီး Ms. Ine Erisken Soreide၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီး Mr. Dag-Inge Ulstein တို့နှင့်အတူ ဘယ်လ်ဂျီယံနိုင်ငံ၏ Princess Astrid of Belgium ၊ ဂျော်ဒန်နိုင်ငံမှ Prince Mired Bin Raad Bin Zeid Al – Hussein၊ UNHCR မဟာမင်းကြီး၊ ICRC၊ UNICEF အစရှိသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နိုင်ငံပေါင်း (၁၆၀) ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါညီလာခံသည် မိုင်းရှင်းလင်းရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ထားသော နိုင်ငံပေါင်း (၁၆၄) နိုင်ငံနှင့်တကွ စာချုပ်ကိုလက်မှတ်ရေးထိုးမထားသော စောင့် ကြည့် လေ့လာဆဲနိုင်ငံများပါ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး မိုင်းအန္တရာယ်ကြောင့်ဖြစ်ပွား သော သေကြေပျက်စီးမှုများ၊ မသန်စွမ်းမှုများ ပပျောက်စေရန်နှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မိုင်းကိစ္စကို အထူးအလေးပေးဆောင်ရွက်ရေးအတွက် နိုင်ငံအသီးသီးမှ ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်နိုင်ရန်၊ ဝေမျှနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာချုပ်ကို စောင့်ကြည့် လေ့လာဆဲ နိုင်ငံဖြစ်ပြီး မိုင်းအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုများကို နိုင်ငံတကာမှ သိရှိစေရန် ရည်ရွယ်၍ အဆိုပါညီလာခံသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1

#Norway_nov2019

Source: MSWRR

Sign Up

Upcoming Events