လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) နာရီ မှ (၁၅:၃၀) အချိန်အထိ ပျဉ်းမနားမြို့၊ အ.ထ.က (၃) စာသင်ကျောင်းတွင်် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ သူ (၂၈၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_nov2019
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)