Author Archives: Department of Disaster Management

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ များ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ် (၆)ခု အရှေ့တောင်ရပ်ကွက်၊တောင်ရင်းတန်းရပ်ကွက်၊ ချောင်းဝရပ်ကွက်၊ကောင်းရီချောင်းကျေးရွာ၊ပြားချောင်းကြီးကျေးရွာ နှင့်ကုန်တန်းကျေးရွာသို့ (၂၅.၁၁.၂၀၁၉)ရက် ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၉၄)စု၊ လူဦးရေ(၈၀၁)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၁၁၆)အိတ် (၁၉) ပြည် (၄) ဘူးအား ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး မှ(၂၈.၁၁.၂၀၁၉) ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_dec2019     Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) နေ့တွင် မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စု၊ ကန်ပြင်ကျေးရွာတွင်ဖြစ်ပေါ်ခဲ့သော မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တစ်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးတစ်သိန်းနှင့် လူ (၃) ဦးအတွက် ဆန်ရိက္ခာဘိုးငွေ (၆,၃၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်အား (၃၀-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉:၁၅) အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရ ပါသည်။ #ha_fir #tny_nov2019 … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေးခန်းမ) ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများ စုစုပေါင်း (၂၅၀) ဦးတို့ကိုလည်းကောင်း၊ နေ့လည်ပိုင်း တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (လေးရွာ) ရှိ ကျောင်းသား/ သူစုစုပေါင်း (၇၀၀) ဦး တို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြော ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့ နယ်၊ ကင်မွန်ခြုံအုပ်စု၊နတ္တလင်းစုကျေးရွာ၌ (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၁) လုံး၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် နှင့် မီးဟပ်ဒဏ်ရာရ‌ဆေးရုံတက်ကုသနေသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၆၂,၆၀၀) ကျပ်အား (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉)ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သဘာဝဘေးအသိပညာ ပေးဟောပြောဆွေးနွေးခြင်း၊ ဘေးအန္တရာယ်နှင့် ပတ်သက်သောအသိပညာပေး ဗီဒီယိုပြသခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူအင်အားစုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_nov2019     Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရိက္ခာ ထပ်မံလိုအပ်လျက်ရှိသော ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ လမ်းမဘုန်းတော်ကြီး ကျောင်း၊ ဖုံညိုလိပကျေးရွာ၊ စေတီတောင်းကျေးရွာ၊ စုရပ်စခန်း (၄) တွင်ရှိသော တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု (၁,၁၇၉) စု၊ လူဦးရေ (၅,၄၁၀) ဦး အတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန် (၇၈၈) အိတ် (၂၃) ပြည်အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင် ကျေးရွာအုပ်စု၊ ကျောက်စာတိုင်ကျေးရွာသို့ အသစ်ထပ်မံရောက်ရှိလာကြသော တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု … Read more

  • အသိပညာပေးနံရံကပ်ပိုစတာများအား မော်လိုက်မြို့ပေါ် လူစည်ကားရာ အရပ်များတွင် ကပ်ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် မော်လိုက်မြို့ပေါ် လူစည်ကားရာ အရပ်များဖြစ်သော အမြန်ယာဉ်ဂိတ်၊ မော်တော်ကားဂိတ်၊အ.ထ.က ကျောင်းဝန်းနှင့် အ.မ.က ကျောင်းရှေ့ ဘက်များတွင် ငလျင်ဘေးအသိပညာ ပေးနံရံကပ်ပိုစတာများ သွားရောက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။ #sgg_nov2019     Source: မော်လိုက်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉)ရက်နေ့ နေ့လည်(၁၃:၀၀)အချိန်မှ (၁၄:၃၀) အချိန် အထိ ပင်လောင်းမြို့နယ် အလကအရှေ့ရပ်၌ ကျောင်းသား/ သူ (၂၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_nov2019     Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉)ရက်နေ့(၁၄:၀၀) အချိန်တွင် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မကျောင်း၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူ ကျောင်းသား /သူ (၃၃၃) ဦးတို့အား လက်ကမ်းစာစောင်နှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #sgg_nov2019     Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)    

Sign Up

Upcoming Events