Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၂) ရက်နေ့ နံနက် (၁၃:၃၀)အချိန်တွင်  မြိတ်မြို့နယ်၊ သမုတ်ကျေးရွာရှိ အ.ထ.က (သမုတ်) အခြေခံပညာအထက်တန်းကျောင်းတွင် ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ကျောင်းသားဦးရေ(၁၁၂)ဦးတက်ရောက်ခဲ့၍ သဏ္ဍာတူ သရုပ်ပြများဆောင်ရွက် ခြင်းလည်းကောင်း၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် ဘောလ်ပင်များ ဝေငှပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourcr: DDM #ar #tny_jul2022

  • ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ငပု​တောမြို့နယ်၊ ၀က်ဆူ​ကျေးရွာ(အ.ထ.က)၊ ​​ကံချိုင်​ကျေးရွာ(အ.ထ.က)၊ နကုန်း​ကျေးရွာ(အ.ထ.က-ခွဲ)နှင့် ​တောင်က​လေး(မဲ)အ.လ.က-ခွဲတို့၌ ထားရှိမည့် (၂၄၀၀)ဂါလန်ဆံ့ ဖိုက်ဘာ​ရေတိုင်ကီများ၏ ​အောက်ခံ (ခုံတုံး)ပြုလုပ်မည့် ကုန်ကျစရိတ်ငွေ(၁,၄၂၁,၀၂ဝ/-)ကျပ်အား (၁၈-၇-၂၀၂၂)ရက်​နေ့တွင် ငပု​တောမြို့နယ်၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာတာ၀န်ရှိသူများထံသို့ လွှဲ​ပြောင်း​ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jul2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီမှူးရုံးမှတာ၀န်ရှိသူများသည် ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာ၌ (၁၃-၇-၂၀၂၂)ရက်နေ့နှင့် (၁၅-၇-၂၀၂၂) ရက်‌နေ့တို့တွင် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ အဆိုပါကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၃,၆၀၀/-)ကျပ်၊  စုစုပေါင်းထောက်ပံ့ငွေ (၅၃၃,၆၀၀/-)ကျပ်အားလည်းကောင်း၊ (၁၆-၇-၂၀၂၂) ရက်နေ့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်တို့အား (၁၆-၇-၂၀၂၂) ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု၍ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2022 Source: ညောင်တုန်းမြို့နယ်ဦးစီမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်မြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၂) ရက်နေ့ နေ့လည် (၁၃:၃၀)အချိန်တွင်  မြိတ်မြို့နယ်ရှိ အ.ထ.က (၃) အခြေခံပညာအထက်တန်းကျောင်း တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး ဗွီနိုင်း၊ ဘောလ်ပင်များနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jul2020

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပု​လောမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင်  ပုလောမြို့နယ်ရှိ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသားနှင့် ဆရာ၊ ဆရာမဦး​ရေ(၁၀၅)ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့​ပြီး လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ဘောလ်ပင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jul2022

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည်(၂၃-၆-၂၀၂၂)ရက်​​နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီး​ထောင့်မြို့နယ်၊ ကျွန်​တောကုန်း​ကျေးရွာအုပ်စု၊ ကျွန်​တောကုန်းရွာ၌ မိုးကြိုးဘေးဖြစ်ပွားခဲ့ရာ အဆိုပါ မိုးကြိုးဘေးကြောင့် ​သေဆုံးသူ(၁)ဦးအတွက် ​ထောက်ပံ့​ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၂၄-၆-၂၀၂၂)ရက်​နေ့ (၁၄:၅၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ​နှင့်အတူ ​သေဆုံးသူမိသားစု၀င်များ၏ လက်၀ယ်သို့ ​ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ (၂၃-၆-၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်မှ (၁၀:၃၀) အချိန်ထိ လားရှိုးမြို့၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိ ပညာပေးဟောပြောခြင်းနှင့်  ကျား၊ မရေးရာအခြေပြုအကြမ်းဖက်မှုဆိုင်ရာများ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်း၊ ကျောင်းသုံးစာရေးကိရိယာများ၊  လက်ဆေးဆပ်ပြာဆီများနှင့် အဝတ်Mask များအား ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေးဆောင်ရွက်မှုသတင်း

    (၂၀.၆.၂၀၂၂)ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့၊ မူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း၌ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ ကြိုတင်ပြင်ဆင်တတ်စေရန်နှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သရုပ်ပြခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_june2022 Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေးဆောင်ရွက်မှုသတင်း

      (၈-၆-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်)မှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနများနှင့်အတူ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာအကြောင်း သိကောင်းစရာများအား ပြည်သူများသို့ ဆွေးနွေးဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာ များအား ကျေးရွာနေ ပြည်သူများထံသို့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #ygn_june2022 Source:  သန်လျင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်အတွင်း (၂-၅-၂၀၂၂)နှင့် (၃-၅-၂၀၂၂)ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ နေအိမ်(၁၁)လုံး၊ အမိုးလန်နေအိမ်(၁၂၅)လုံးတို့မှ အိမ်ထောင်စု(၁၃၆)စု၊ လူဦးရေ(၆၁၆)ဦး လေဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် တန်ဖိုး(၅၀၆,၃၉၆/-)ရှိ ကယ်ဆယ်ရေး ပစ္စည်း အိမ်ထောင်စု(၁၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉,၀၈၂,၅၀ဝိ/-)နှင့် ဆန် ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁,၂၉၃,၆၀ဝိ/-) စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀,၃၇၆,၁၀ဝိ/-) တို့အား (၆-၅-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရုံးခန်းမ၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_sgw #mdy_may2022 Source:  မြင်းခြံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events