လေပြင်းဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်အတွင်း (၂-၅-၂၀၂၂)နှင့် (၃-၅-၂၀၂၂)ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ နေအိမ်(၁၁)လုံး၊ အမိုးလန်နေအိမ်(၁၂၅)လုံးတို့မှ အိမ်ထောင်စု(၁၃၆)စု၊ လူဦးရေ(၆၁၆)ဦး လေဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် တန်ဖိုး(၅၀၆,၃၉၆/-)ရှိ ကယ်ဆယ်ရေး ပစ္စည်း အိမ်ထောင်စု(၁၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉,၀၈၂,၅၀ဝိ/-)နှင့် ဆန် ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁,၂၉၃,၆၀ဝိ/-) စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀,၃၇၆,၁၀ဝိ/-) တို့အား (၆-၅-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရုံးခန်းမ၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_sgw

#mdy_may2022

Source:  မြင်းခြံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events