လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီမှူးရုံးမှတာ၀န်ရှိသူများသည် ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာ၌ (၁၃-၇-၂၀၂၂)ရက်နေ့နှင့် (၁၅-၇-၂၀၂၂) ရက်နေ့တို့တွင် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ အဆိုပါကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၃,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၃,၆၀၀/-)ကျပ်အားလည်းကောင်း၊ (၁၆-၇-၂၀၂၂) ရက်နေ့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်တို့အား (၁၆-၇-၂၀၂၂) ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု၍ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jul2022
Source: ညောင်တုန်းမြို့နယ်ဦးစီမှူးရုံး (ဘစမ)