လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ငပုတောမြို့နယ်၊ ၀က်ဆူကျေးရွာ(အ.ထ.က)၊ ကံချိုင်ကျေးရွာ(အ.ထ.က)၊ နကုန်းကျေးရွာ(အ.ထ.က-ခွဲ)နှင့် တောင်ကလေး(မဲ)အ.လ.က-ခွဲတို့၌ ထားရှိမည့် (၂၄၀၀)ဂါလန်ဆံ့ ဖိုက်ဘာရေတိုင်ကီများ၏ အောက်ခံ (ခုံတုံး)ပြုလုပ်မည့် ကုန်ကျစရိတ်ငွေ(၁,၄၂၁,၀၂ဝ/-)ကျပ်အား (၁၈-၇-၂၀၂၂)ရက်နေ့တွင် ငပုတောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာတာ၀န်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#ayy_jul2022
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)