Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၁၂.၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်မှ (၁၄:၁၅)အထိ ပင်လောင်းမြို့နယ်၊ အထက(ခွဲ)ရေဦး၌ ကျောင်းသား/ သူ (၂၅၀)ဦးအားသဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_dec2019 Source:                        ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၁၂.၂၀၁၉)ရက်နေ့ နံနက်(၀၉:၃၀) အချိန်မှ (၁၁:၀၀)အချိန်အထိ ပင်လောင်းမြို့နယ်၊ အထက(၁)၌ ကျောင်းသား/ သူ (၆၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_dec2019 Source:                        ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ သင်တန်းသား/သူ(၃၀) ဦးရေဖြင့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ဆင်ဘိုမြို့အထွေထွေအုပ်‌ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးမှ အဖွင့်မှာစကားပြောကြားခဲ့ပါသည်။ သင်တန်း ကာလမှာ (၁၃-၁၂-၂၀၁၉) ရက်နေ့အထိ (၃)ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိပါသည်။ #ar #kcn_dec2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ နေ့လည်(၁၂:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်၊ အမှတ်(7)ရပ်ကွက်၊ ဝါဆိုဦးကျောင်းတိုက်ရှိ စိတ္တသုဓဓမ္မာရုံ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း(၁၂၀)ဦးတို့အား ငလျင်ဘေး၊ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးများဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေး၊ မိုးကြိုးဘေးဖြစ်ပွားပါက မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို လိုက်ပါဆောင်ရွက်စေခြင်းများနှင့် အသိပညာပေးဗီဒီယိုဇာတ်လမ်းတိုများပြသခြင်းတို့အားဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #krn_dec2019 Source:                        ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၁၂-၂၀၁၉) ရက်နေ့တွင် လွိုင်လင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) ကို သင်တန်းသား (၃၀) ဦးတက်ရောက် ခဲ့ပါကြောင်းနှင့် အဆိုပါ သင်တန်းအား (၁၂-၁၂-၂၀၁၉) ရက်နေ့မှ (၁၄-၁၂-၂၀၁၉) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်မှ (၁၄:၁၅) အထိ ပင်လောင်းမြို့နယ် အထက တင်းထပ်၌ ကျောင်းသား/ သူ (၈၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်၊၊ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019

  • မီးဘေးသင့်ပြည်သူများအားထောက်ပံမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ(၃)တွင် (၉-၁၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စာတို့အား (၁၁-၁၂-၂၀၁၉)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ(၃)ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #kcn_dec 2019

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၅၀)၊ လူဦးရေ (၂၂၉)ဦးအတွက် ဆန်ရိက္ခာ(၂) ပတ်စာ ဆန်(၃၃)အိတ်(၉)ပြည်(၄)ဘူးအားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာအုပ်စု၊ ပြင်ရှည်(ရခိုင်)ကျေးရွာနှင့် ဘူးသီးတောင်မြို့၊ ဂန္ဓာရီပရဟိတ ဘုန်းတော်ကြီးကျောင်းတို့တွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၇၅)စု၊ လူဦးရေ(၃၉၅)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၁၂)အိတ်(၄)ပြည်(၄)ဘူးအား (၁၁-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်မှ (၁၁:၀၀) အချိန်အထိ ပင်လောင်းမြို့နယ်၊ အ.ထ.က ဝါးလီး၌ ကျောင်းသား/ ကျောင်းသူ (၄၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ သရုပ်ပြသခြင်း များအား ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၌ (၆.၁၂.၂၀၁၉)ရက်နေ့ (၁၂:၄၀)ချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် (တစ်စိတ်တစ်ပိုင်း)ပျက်စီးနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ဖိုးငွေ(၃၀၀၀၀ဝိ/-)ကျပ်နှင့် အိမ်ထောင် စု(၃)စုမှလူဦးရေ(၃၀)ဦးအတွက် ဆန် ရိက္ခာ(၇)ရက်စာထောက်ပံ့ဖိုးငွေ (၆၃၀၀၀)ကျပ် စုစုပေါင်း(၃၆၃၀၀ဝိ/-) ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများထံသို့ (၁၁.၁၂.၂၀၁၉)ရက်နေ့၊(၁၂:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_dec2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events