တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

11 _ Pic _ 01 11 _ Pic _ 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၅၀)၊ လူဦးရေ (၂၂၉)ဦးအတွက် ဆန်ရိက္ခာ(၂) ပတ်စာ ဆန်(၃၃)အိတ်(၉)ပြည်(၄)ဘူးအားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာအုပ်စု၊ ပြင်ရှည်(ရခိုင်)ကျေးရွာနှင့် ဘူးသီးတောင်မြို့၊ ဂန္ဓာရီပရဟိတ ဘုန်းတော်ကြီးကျောင်းတို့တွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၇၅)စု၊ လူဦးရေ(၃၉၅)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၁၂)အိတ်(၄)ပြည်(၄)ဘူးအား (၁၁-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr

#rke_dec 2019

Sign Up

Upcoming Events