လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ(၃)တွင် (၉-၁၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စာတို့အား (၁၁-၁၂-၂၀၁၉)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ(၃)ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#kcn_dec 2019