သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

 

12_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ နေ့လည်(၁၂:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်၊ အမှတ်(7)ရပ်ကွက်၊ ဝါဆိုဦးကျောင်းတိုက်ရှိ စိတ္တသုဓဓမ္မာရုံ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း(၁၂၀)ဦးတို့အား ငလျင်ဘေး၊ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးများဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေး၊ မိုးကြိုးဘေးဖြစ်ပွားပါက မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို လိုက်ပါဆောင်ရွက်စေခြင်းများနှင့် အသိပညာပေးဗီဒီယိုဇာတ်လမ်းတိုများပြသခြင်းတို့အားဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ar

#krn_dec2019

Source:                        ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events