Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအားထောက်ပံမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မြင်းခြံမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အပိုင်း(၆)၊ နယ်မြေ(၁၂)တွင် (၁၄-၁၂-၂၀၁၉)ရက်နေ့(၀၄:၄၅)အချိန်၌ နေအိမ်တွင် သွယ်တန်းထားသည့် လျှပ်စစ်မိန်းခုံအပူလွန်ကဲပြီး အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် လုံးဝပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ စုစုပေါင်းလူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁) အိမ် ထောင်စာနှင့် လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာတွင်(၁၄-၁၂-၂၀၁၉)ရက်နေ့၊(၁၂:၂၅)အချိန် ဗိုလ်ချုပ်ဘုန်းကြီးကျောင်း၌ ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုံးဝပျက်စီးကျောင်းဆောင်( ၂ )ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀/-) ကျပ်တို့အား (၁၆-၁၂-၂၀၁၉) ရက်နေ့တွင် … Read more

  • ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၉) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်ဆင့်သဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကို၊ (၁၆-၁၂-၂၀၁၉) ရက်နေ့မှ (၂၀-၁၂-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၅) ရက် တာဖြင့် သင်တန်းသား/သင်တန်းသူ (၄၅) ဦးတို့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်း ရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_dec2019

  • မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ နေပြည်တော်ကောင်စီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း (၁၅-၁၂-၂၀၁၉) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင်၊ ရေအိုးစင်ကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ၌ လူနေအိမ်(၁) လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ(၃) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၆၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆,၃၀၀) ကျပ်နှင့် (၃၇,၆၈၁) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၁) အိမ်ထောင်စာ တို့အား တာဝန်ရှိသူများက (၁၆-၁၂-၂၀၁၉) ရက်နေ့ (၁၄:၁၅) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ … Read more

  • school cum shelter တည်ဆောက်မှု အခြေအနေများအားသွားရောက်စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၉) ရက်နေ့တွင် မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြစ်တည်ဆောက်လျက်ရှိသော လပွတ္တာမြို့နယ်၊ ဒေါင့်ကြီးကုန်းကျေး ရွာ၊ ဒရယ်ဖြူကြီးကျေးရွာနှင့် အုံတုံကုန်းကျေးရွာတို့မှ school cum shelter တည်ဆောက်မှု (၇၅)% နှင့်ဂွေးချောင်းကျေးရွာမှ (50)% တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်စစ်ဆေးခဲ့ ကြောင်းသတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_dec2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအခြေခံသင်တန်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) အချိန်၌ ဇမ္ဗူသီရိမြို့နယ် ၊ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးတို့ဖြင့် ဖွင့်ပွဲပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ တိုင်းဦးစီးမှုးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကာလမှာ (၂၀-၁၂-၂၀၁၉) ရက်နေ့အထိ (၅) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှုးရုံး (ဘစမ) #ar #npw_dec2019

  • တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ် (၅) ခု ခွဆုံကျေးရွာ၊ အုန်းချောင်းကျေးရွာ၊ စဖိုကျွန်းကျေးရွာ၊ ပြားချောင်းကြီးကျေးရွာ နှင့် ကုန်တန်းကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၃၀) စု၊လူဦးရေ (၆၀၃) ဦး အတွက် ဆန်ရိက္ခာ(၁)လစာ ဆန် (၁၈၈) အိတ် (၁၀)ပြည်(၄)ဘူးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများ အား … Read more

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန ၊မင်းတပ်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၉) ရက်နေ့တွင် နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်း၊ အမှတ်(၂) ရှိ ဝန်ထမ်းများနှင့် ကေျာင်းသား/သူများ (၁၅၀) ဦးကို သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_dec_2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်မှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် ချင်းတွင်း မြစ်ရေတိုက်စားမှုကြောင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦး‎ရေ (၈) ဦးတို့အတွက် အိမ်‎ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-) ကျပ် စုစုပေါင်း ငွေ ( ၂၁၆၈၀၀) ကျပ် တို့အား (၁၃-၁၂-၂၀၁၉) ရက်နေ့တွင် ရေစကြိုမြို့နယ်ဦးစီးမှူး ရုံး၌ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့တွင် နေ့လည် (၁၃:၀၀) အချိန်မှ (၁၄:၁၅) အထိ ပင်လောင်းမြို့နယ် အထကတီကျစ်၌ ကျောင်းသား/ သူ (၅၅၀) ဦးအားသဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့ တွင် (၁၂:၁၅) ချိန်မှ (၁၃:၃၀) ချိန်ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ စာသုံးသူ ရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ဓမ္မာရုံ၌ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀) ဦးတို့အား ဦးစီးဌာနနှင့် ပတ်သက်သောလုပ်ငန်းတာဝန်များ၊ ထောက်ပံ့နှုန်းထားများ၊သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ ရှောင်ရန်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_dec2019

Sign Up

Upcoming Events