Author Archives: Department of Disaster Management

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှုရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ကောလင်းမြို့နယ် မြောက်အင်း (အ.လ.က) ကျောင်း၌ ငလျင်ဘေး အန္တရာယ်ဆိုင်ရာဇာတ်တိုက်လေ့ကျင့်ခြင်းကို ကြက်ခြေနီ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ တိုင်းရင်းဆေး၊ လူမှုအဖွဲ့အစည်းများနှင့်အတူဇာတ်တိုက် လေ့ကျင့်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #simex_aqk #sgg_dec2019 Source: ကောလင်းမြို့နယ်ဦးစီးမှုရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းကို ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနခန်းမ၌ သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ မိုးဇလဦးစီးဌာန၊ မီးသတ်နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာသင်ခန်းစာများအား ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_dec2019

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၈-၁၂-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ကောလင်းမြို့နယ် မြောက်အင်း (အ.လ.က) ကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #sgg_dec2019 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) အချိန်မှ ညနေ (၁၆:၃၀) အချိန်ထိ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအား တောင်ကြီး မြို့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သင်တန်းသား (၅၀) ဦးဖြင့် ကျင်းပခဲ့ပြီး သင်တန်းသား/သူများမှ အပြန်အလှန်ဆွေးနွေးမှုများပြု လုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၁-၁၂-၂၀၁၉) ရက်နေ့အထိ (၄) ရက်တာကာလဖြင့် ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာစိုက်ထူပေးခြင်းသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ် အမှတ်(၄) ရပ်ကွက် (၁၈) လမ်း မိခင်နှင့် ကလေး စောင့်ရှောက်ရေးရုံးရှေ့၌ ငလျင်ဘေးအန္တရယ်ဆိုင်ရာ အသိပညာပေး ပိုစတာအားစိုက်ထူ ခဲ့ပါကြောင်းသတင်း ရရှိပါသည်။ #ar_aqk #ayy_dec2019 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ရိက္ခာထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိက္ခာထပ်မံ လိုအပ်လျက်ရှိသော ဘူးသီး တောင်မြို့နယ်၊ ခွဆုံ(ဘင်္ဂါလီ) ကျေးရွာနှင့် ဖိုးခေါင်ချောင်း (ဘင်္ဂါလီ) ကျေးရွာ၊ စုစုပေါင်း စုရပ် စခန်း(၂) ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၀၆) စု၊ လူဦးရေ (၅၁၇) ဦးအတွက် ဆန်ရိက္ခာ(၁) လ စာ ဆန်(၁၆၁) အိတ်၊(၁၃) ပြည်၊(၄) ဘူးအား(၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

      လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီး၍ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး မှ သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းကို (၁၈-၁၂-၂၀၁၉) ရက်နေ့ မှ(၂၀-၁၂-၂၀၁၉) ရက်နေ့ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အင်္ဂပူမြို့နယ် အုပ်ချုပ် ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အင်္ဂပူမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဝင်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်း တို့မှ သင်တန်းသား/သူ(၃၀)ဦး … Read more

  • သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဉီးစီးမှူးရုံးမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ သင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၁၉) အား (၁၈-၁၂-၂၀၁၉) ရက်နေ့ တွင် သထုံမြို့၊ သုဝဏ္ဍခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်နှင့်မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့နှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၇၀) ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mon_dec2019 Source: သထုံခရိုင်ဉီးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြ ခရိုင်၊ မြောင်းမြမြို့နယ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးရုံး၊ ခန်းမဆောင်တွင် (၁၈-၁၂-၂၀၁၉) ရက်နေ့မှ (၂၀-၁၂-၂၀၁၉) ရက်နေ့ထိ ဖွင့်လှစ်မည့် ခရိုင်အဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အခြေခံသင်တန်းအား သင်တန်းသား /သင်တန်းသူ (၃၀) ဦးဖြင့် (၁၈-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်းနှင့် သင်တန်း ကာလမှာ (၃)ရက် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၉) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကန်ကြီးရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ရန်ပုံငွေ (၃၀၀၀၀၀/-) ကျပ်၊ ဒဏ်ရာရရှိသူ(၅) ဦးအတွက် (၁) ဦးလျှင် (၅၀၀၀၀/-) ကျပ် ဖြင့် ထောက်ပံ့ရန်ပုံငွေ(၂၅၀၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၅၅၀၀၀၀/-) ကျပ်အား (၁၇-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #shn_dec2019

Sign Up

Upcoming Events