
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းကို ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနခန်းမ၌ သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ မိုးဇလဦးစီးဌာန၊ မီးသတ်နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာသင်ခန်းစာများအား ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_dec2019