Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်၊ကျားတိုင်း ကျေးရွာအုပ်စု၊ ကျားတိုင်းကျေးရွာတွင် (၂၃.၁၂.၂၀၁၉)ရက်နေ့(၁၅း၁၅)အချိန်၌ မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် လုံးဝပျက်စီး အိမ်ခြေ (၁၇) လုံး၊ အိမ်ထောင်စု(၁၇)စု၊ စုစုပေါင်းလူဦးရေ(၇၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၁၅၃,၃၀၀)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး၊အိမ်ထောင်စု(၄)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊အိမ်ထောင်စု(၁၃)စုစာ၊ စုစုပေါင်း (၂,၁၅၃,၃၀၀)ကျပ် (ကျပ်နှစ်ဆယ့်တစ်သိန်းငါးသောင်းသုံးထောင့်သုံးရာတိတိ)အား (၂၄.၁၂.၂၀၁၉)ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခွာညိုလမ်းတွင် (၂၃ -၁၂ -၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စားဖိုးထောက်ပံ့ငွေ(၆၃၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေကျပ်(၂၀၆၃၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၁)အိမ်ထောင်စာတို့ကို(၂၄-၁၂-၂၀၁၉)ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်၀ယ်သို့အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_dec 2019
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀)အချိန် တွင်ဖာပွန်မြို့၊ ဝှေမှုန်ကျေးရွာရှိ မဇ္စျိမာရုံမြနန္ဒါကျောင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျေးရွာသူ/သား အင်အား (၁၀၀) ကျော်ဖြင့် ပြုလုပ်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲတွင် ဌာနနှင့်ပတ်သက်သော သိကောင်း စရာများ မီးဘေး ၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများအား လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 … Read more
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၁၉) ရက်နေ့၊ (၁၁:၀၀) နာရီမှ (၁၃:၃၀) နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင် ၊ ပေါင်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၊ အ.ထ.က(သဲအိမ်) ၌ သဘာဝဘေးအန္တရာယ်နှင့် ပက်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု အင်အား စုစုပေါင်း(၂၀၀) ဦးခန့်တက်ရောက်ခဲ့ပါ ကြောင်းသတင်း ရရှိပါသည်။ #ar #mon_dec2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၉) ရက်နေ့တွင် သရက်မြို့၊ မင်းတုန်းလမ်း မြို့အဝင်ဆိုင်းဘုတ်အနီး၌ ငလျင်ဘေး အသိပညာပေး မြေစိုက်ပိုစတာအား စိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar_aqk #mgy_dec2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ အနောက်စက်စုရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးမှ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ဖိုးငွေ (၈၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈၄၀၀/-) ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း (၁၁) မျိုး၊ (၁) အိမ်ထောင်စာတို့အား (၂၄-၁၂-၂၀၁၉) ရက်နေ့တွင်ဘေးသင့်ပြည်သူများထံ … Read more
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃- ၁၂-၂၀၁၉) ရက်နေ့ နံနက်(၁ဝး၀၀) နာရီအချိန်တွင် သံတောင်ကြီးမြို့၊ ရွှေညောင်ပင် ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျေးရွာသူ/သား အင်အား(၁၂၀) ဦးဖြင့်ပြုလုပ်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပက်သတ်သော သိကောင်းစရာများ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးအန္တရာယ်များ နှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန် အချက်များဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #chn_dec2019 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၉) ရက်နေ့(၁၀:၃ဝ)နာရီမှ(၁၂:၀၀)နာရီအထိ ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု(၁၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အန္တရာယ်နှင့် ပတ်သတ်သောအသိပညာပေးဗီဒီယိုပြသ၍ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec 2019
-
မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃ -၁၂-၂၀၁၉) ရက်နေ့တွင် မြင်းခြံမြို့၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၉)ရက်နေ့တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၃/ ဆ/ ၂၂)တွင် နေထိုင်သူ ဒေါ်ဒါလှဖြူ(ဘ)ဦးအောင်ထွန်း၏ နေအိမ် ဘုရားစင်ပေါ်၌ ဖယောင်းတိုင်မီးထွန်းပူဇော်ခဲ့ရာမှတဆင့် မီးလောင်ကျွမ်းခဲ့သည့် မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်အား (၂၃-၁၂-၂၀၁၉)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source : စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #rke_dec 2019
