Author Archives: Department of Disaster Management
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းရှိ ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၅၀)စု၊ လူဦးရေ(၂၂၉)ဦး အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၃၃)အိတ်၊ (၉)ပြည်၊ (၄)ဘူးအား (၂၆-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေကျေးရွာအုပ်စု၊ ခမွေချောင်းကျောင်းရွာမှ ဦးမောင်လှ(ဘ)ဦးကံကြီး အသက်(၄၀)နှစ်အတွက် ဒဏ်ရာရ ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ် အား (၂၆-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၁၉) ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ညောင်ဦးမြို့နယ်၊ ကျောက်စစ်ကန်ကျေးရွာရှိ ကျောက်စစ်ကန် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဓမ္မစကူးလ် သင်တန်းသား/သင်တန်းသူ (၅၀)ဦးကို ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီးနောက် တက်ရောက်လာကြသူများအား မုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec 2019
-
School Cum Shelter တည်ဆောက်ခြင်း ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရည်ကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄ -၁၂- ၂၀၁၉)ရက်နေ့ (၁ဝး၃၀)နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ညောင်မှော်ကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာတွင် School Cum Shelter တည်ဆာက်ခြင်း(၅၀%)ပြီးစီးမှုနှင့် (၁၅:၀၀)နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ က္ကူကြီးကျေးရွာအုပ်စု၊ က္ကူလေးကျေးရွာတို့တွင် School Cum Shelter တည်ဆောက်ခြင်း (၇၅%)ပြီးစီးမှု့အား ရေကြည်မြို့နယ် လုပ်ငန်းကြီးကြပ်မှု့ကော်မတီအဖွဲ့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရည်ကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_dec 2019
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉) ရက်နေ့ တွင် ဘားအံမြို့နယ်၊ ခရားအတွင်းကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ် မှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် နေအိမ် (၂၃) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အမိုးလန်ပျက်စီးနေအိမ် (၂၃) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် (၇) ပေ အလူဇင့်သွပ် (၃၂၉) ချပ်အား (၂၅-၁၂-၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ ပြည့်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၇/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂၇.၁၂.၂၀၁၉)ရက်နေ့မှ (၂၉.၁၂.၂၀၁၉)ရက်နေ့အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။” Source: DMH
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ စလင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ တမာချောင်ကျေးရွာတွင် (၂၄-၁၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀) ကျပ်၊ လူဉီးရေ(၇)ဉီး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၄,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၂)စုစာတို့အား (၂၅-၁၂-၂၀၁၉)ရက်နေ့ (၁၄:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #mgy_dec2019 Source: စလင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၁၉)ရက်နေ့၌ ကသာမြို့၊ သူဌေးကုန်းရပ်ကွက်၊ ရေဝန်းဘုန်းကြီးကျောင်းအနောက်ဖက်တွင် မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုဖြစ်ပွားသော နေအိမ် (၁) လုံးအတွက် family kits(၁)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀) ကျပ်တို့ကို (၂၄-၁၂-၁၉) ရက်နေ့၌ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #sgg_dec2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ဗီနိုင်းပိုစတာပြောင်းလဲတပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁၂-၂၀၁၉) ရက်နေ့တွင် ပခုက္ကူမြို့၊ ရွှေချောင်းအဝိုင်းလမ်းဆုံတွင် မီးဘေးအသိပညာပေးဆိုင်းဘုတ်တစ်ခုစိုက်ထူခဲ့ပြီး ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံကြီးရှေ့၊ အထက(၂)ကျောင်းရှေ့နှင့် ရေစကြိုမြို့ရှောင်လမ်းဆုံတို့တွင်ရှိသော ဗီနိုင်းပိုစတာများနေရာတွင် လျှပ်စီးလက်ခြင်းနှင့်မိုးကြိုးဘေး၊ မီးဘေးနှင့် ငလျင်ဘေးအသိပညာပေး ဗီနိုင်းပိုစတာများအား ပြောင်းလဲတပ်ဆင်ခဲ့ကြောင်း သိရှိရပါသည်။ #mgy_dec2019 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၉) ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မင်းကွက် (၁) ရပ်ကွက်၊ စည်ပင်လမ်းရှိ ဒေါ်ဆွေရည်မွန်နေအိမ်၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၁၀,၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
