Author Archives: Department of Disaster Management
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာနှင့် တာလီကျေးရွာ(ရွှေမျိုးနေအိမ်တိုက်ပွဲရှောင်)စခန်းများမှ မြို့သစ်ကျေးရွာနှင့် တာလီကျေးရွာများသို့ တိုက်ပွဲရှောင်ပြောင်းရွှေ့အိမ်ထောင်စု (၁၄)စု၊ လူဦးရေ(၅၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး (၁၄)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ တစ်လစာ ဆန်အိတ်(၁၈)အိတ်၊ (၃) ပြည်၊ ဆီ (၂၈)ပိဿာ၊ ပဲ(၂၈)ပိဿာ၊ ဆား(၁၄)ပိဿာနှင့် ပြောင်းရွှေ့ထောက်ပံ့ငွေ (၁)အိမ်(၁၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁,၄၀၀,၀၀၀/-) ကျပ်တို့ကို (၂၉-၁၂-၂၀၁၉) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_dec2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ ဓမ္မရာမဘုန်းတော်ကြီး ကျောင်းတိုက်သို့ (၂၈-၁၂-၂၀၁၉) ရက်နေ့တွင် ထပ်မံရောက်ရှိလာသော ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၆၃)စု၊ လူဦးရေ(၂၀၉)ဦးတို့အတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန်(၃၀)အိတ်၊ (၁၁)ပြည်၊ (၄)ဗူးကို (၂၉-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_dec2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
School Cum Shelter စတင်ဆောက်လုပ်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၉) ရက်နေ့တွင် မောင်တောမြို့နယ်၊ ခြံပြင်ကျေးရွာအုပ်စု၊ ခြံပြင်ကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်မည့် School Cum Shelter စတင်ဆောက်လုပ်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_dec2019 Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ချမ်းအေးသာယာရပ်ကွက်၌ (၂၄-၁၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်လူဦးရေ စုစုပေါင်း (၈၆) ဦးအတွက် ကျားလုံချည် (၃၆) ထည်၊ မလုံချည် အထည် (၅၀)နှင့် တီရှပ် (၈၆) ထည်တို့ကို (၂၈-၁၂-၂၀၁၉) ရက်နေ့တွင် ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_dec2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြင်စလူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြင်စလူမြို့တပ်စခန်းမှတပ်မတော်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၈-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၃၀၀) ဦး၊ ဌာနဆိုင်ရာ များမှတာဝန်ရှိသူ(၃၀)ဦးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_str #ayy_dec2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမ ဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာကြသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၄၂)စု၊ လူဦးရေ (၁၈၀)ဦးအတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန်(၂၆)အိတ်၊ (၆)ပြည်ကို (၂၈-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_dec2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၉) ရက်နေ့၊ (၁၀:၃၀)နာရီမှ (၁၂:၀၀)နာရီ အချိန်အထိ ကျိုက်မရောမြို့၊ အောင်သုခရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူ (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ နတ်စင်လမ်းတွင်(၅-၁၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀/-)ကျပ်၊ လူဦးရေ(၁) ဦးအတွက် ဆန်ရိက္ခာ(၇)စာဖိုးထောက်ပံ့ငွေ(၂၁၀၀/-)ကျပ်အား (၂၇-၁၂-၂၀၁၉)ရက်နေ့(၁၅:၃၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_dec 2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၉)ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ လက်ပန်ကျေးရွာ၌ ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်ခဲသောအိမ်ထောင်စု (၁၄)စုအတွက် တာပေါ်လင်(၁၄)ချပ်၊ စောင်အထူ(၁၄)ထည်၊ (၁၀)လီတာဝင်ရေပုံး(၁၄)ပုံးတို့အား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်လိုက်ပါ၍ (၂၆-၁၂-၂၀၁၉)ရက်နေ့ (၁၄:ဝဝ)နာရီတွင် ထပ်မံထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mon_dec 2019
-
DAN mobile application အသုံးပြုမှုဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၉) ရက်နေ့၊ ကရင်နှစ်သစ်ကူးနေ့တွင် နှစ်သစ်ကူး အခမ်းအနားတက်ရောက်လာသည့် ပြည်သူလူထုများအာ DAN mobile application နှင့် DAN mobile application အသုံးပြုမှုလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn _dec2019
