လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ချမ်းအေးသာယာရပ်ကွက်၌ (၂၄-၁၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်လူဦးရေ စုစုပေါင်း (၈၆) ဦးအတွက် ကျားလုံချည် (၃၆) ထည်၊ မလုံချည် အထည် (၅၀)နှင့် တီရှပ် (၈၆) ထည်တို့ကို (၂၈-၁၂-၂၀၁၉) ရက်နေ့တွင် ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#sgg_dec2019
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)