လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၉)ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ လက်ပန်ကျေးရွာ၌ ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်ခဲသောအိမ်ထောင်စု (၁၄)စုအတွက် တာပေါ်လင်(၁၄)ချပ်၊ စောင်အထူ(၁၄)ထည်၊ (၁၀)လီတာဝင်ရေပုံး(၁၄)ပုံးတို့အား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်လိုက်ပါ၍ (၂၆-၁၂-၂၀၁၉)ရက်နေ့ (၁၄:ဝဝ)နာရီတွင် ထပ်မံထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mon_dec 2019