တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

29_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ ဓမ္မရာမဘုန်းတော်ကြီး ကျောင်းတိုက်သို့ (၂၈-၁၂-၂၀၁၉) ရက်နေ့တွင် ထပ်မံရောက်ရှိလာသော ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၆၃)စု၊ လူဦးရေ(၂၀၉)ဦးတို့အတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန်(၃၀)အိတ်၊ (၁၁)ပြည်၊ (၄)ဗူးကို (၂၉-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_dec2019

Source:           စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events