Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ မှ (၁၁:၃၀) နာရီထိ အခြေခံပညာအထက်တန်းကျောင်း လင်းခေးတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူ တက်ရောက်သူ စုစုပေါင်း (၂၅၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများ အကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး(၈)မျိုး၊ ဆောင်ရန်/ရှောင်ရန်များ၊ ကျောင်း သား/သူများအား ရာသီဉတုပြောင်းလဲမှုကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ နောက်ဆက်တွဲ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်မှုအခြေအနေများကို အသေးစိတ်ဆွေးနွေးပြီး … Read more

  • ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၃ – ၁ -၂၀၂၀) ရက်နေ့တွင် နံနက် ( ၀၉ : ၀၀ ) အချိန်မှ ( ၁၁ : ၀၀ ) အချိန်အထိ ဟိုပုံးမြို့နယ် အ.လ.က (ခွဲ) ဆိုက်ခေါင်၌ ကျောင်းသား / သူ (၂၅၀) ဦးအား ငလျင်ဘေးအသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပြသ … Read more

  • မီးဘေးသင့်ပြည်အတွက် ထောက်ပံ့မှုသတင်း

      ရန်ကုန်တောင်းပိုင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်မြေလောကသွန်းဘုရားလမ်း တွင် (၂၀-၁-၂၀၂၀) ရက်နေ့ (၁၆:၅၀) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စု လူဦးရေ (၄) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ) ကျပ် ၊ အိမ်ထောင်စု (၁) စု လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၃-၁-၂၀၂၀) … Read more

  • မီးဘေးသင့်ပြည်အတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ဟိုယာကျေး ရွာတွင် (၁၉ -၁ -၂၀၂၀) ရက်နေ့ မီးဘေး (၁) အိမ်ထောင်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀) ကျပ်၊ သေဆုံးသူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ် ရန်ပုံငွေ စုစုပေါင်းတန်ဖိုးငွေ (၅၀၂,၁၀၀) ကျပ်ကို (၂၀-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁၀:၃၀) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ပြည်သူလူထုစုစုပေါင်း (၇၀)ဦးခန့် တက် ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုးအကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အ တွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ … Read more

  • သဘာဝဘေးလျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြာပွဲပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃ – ၁ – ၂၀၂၀ ) ရက်နေ့၊ ( ၁၀ : ၀၀ )နာရီမှ ( ၁၁ : ၃၀ ) နာရီအချိန်အထိ ဘီးလင်းမြို့ ၊ဘုးရာ ဇရပ်ကွက်၊ လေသာကျောင်းဘုန်းကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူ ထု (၁၀၀) ဦး ခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်ရွာ၀င်အနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ဖိုးငွေ (၅၀,၀၀၀/-)ကျပ်အား (၂၂-၁-၂၀၂၀)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီး၌ ပြည်သူများထံလက်၀ယ်အရောက် ထောက်ပံ့‌‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #shn_jan2020

  • လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစရက်(၁၀၀၀)အတွင်း ပူးပေါင်းဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ်ရေးအထောက်ကူပြုနည်းလမ်းများဖော်ထုတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

    ဇန်နဝါရီ ၂၂ ၊ နေပြည်တော် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစရက် (၁၀၀၀) အတွင်း ပူးပေါင်းဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ်ရေးအထောက်ကူပြုနည်းလမ်းများဖော်ထုတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနှင့် ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနေပါကြောင်း၊ နိုင်ငံ၏လိုအပ် ချက်များကို ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် လူ့ဘဝအစ ရက်ပေါင်း(၁၀၀၀)ကာလသည် အရေးကြီးပါ ကြောင်း၊ ဤကာလတွင် ကလေးသူငယ်များကို စနစ်တကျပြုစုပျိုးထောင်မှု အာဟာရပြည့်ဝစွာ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ လုံဟောကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ( ၂၂ – ၁ – ၂၀၂၀ )ရက်နေ့ ( ၁၃ : ၃၀ ) နာရီမှ ( ၁၅: ၃၀ ) နာရီအထိ  ကျောင်းသား / သူ (၇၇) … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၀)ရက်နေ့၊ နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာအုပ်စု၊ ပန်ပေါ်ကျေးရွာအနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၁)ဦး အတွက် ထောက်ပံ့ဖိုးငွေ (၅၀,၀၀ဝ/-)ကျပ်အား (၂၁-၁-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ ကြီးတွင် ပြည်သူများထံလက်၀ယ်အရောက်ထောက်ပံ့‌‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #shn_jan2020

Sign Up

Upcoming Events