
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်ရွာ၀င်အနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ဖိုးငွေ (၅၀,၀၀၀/-)ကျပ်အား (၂၂-၁-၂၀၂၀)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီး၌ ပြည်သူများထံလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#shn_jan2020