မီးဘေးသင့်ပြည်အတွက် ထောက်ပံ့မှုသတင်း

 

23_Pic_01

ရန်ကုန်တောင်းပိုင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်မြေလောကသွန်းဘုရားလမ်း တွင် (၂၀-၁-၂၀၂၀) ရက်နေ့ (၁၆:၅၀) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စု လူဦးရေ (၄) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ) ကျပ် ၊ အိမ်ထောင်စု (၁) စု လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၃-၁-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_jan2020

Source: သုံးခွမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events