
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ မှ (၁၁:၃၀) နာရီထိ အခြေခံပညာအထက်တန်းကျောင်း လင်းခေးတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူ တက်ရောက်သူ စုစုပေါင်း (၂၅၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများ အကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး(၈)မျိုး၊ ဆောင်ရန်/ရှောင်ရန်များ၊ ကျောင်း သား/သူများအား ရာသီဉတုပြောင်းလဲမှုကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ နောက်ဆက်တွဲ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်မှုအခြေအနေများကို အသေးစိတ်ဆွေးနွေးပြီး သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခြင်း၊ ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက နေထိုင်ရ မည့် အနေအထားများကို လက်တွေ့သရုပ်ပြသခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေးမှတ်တမ်းVideo ပြသခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_jan2020