လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၃ – ၁ -၂၀၂၀) ရက်နေ့တွင် နံနက် ( ၀၉ : ၀၀ ) အချိန်မှ ( ၁၁ : ၀၀ ) အချိန်အထိ ဟိုပုံးမြို့နယ် အ.လ.က (ခွဲ) ဆိုက်ခေါင်၌ ကျောင်းသား / သူ (၂၅၀) ဦးအား ငလျင်ဘေးအသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပြသ ခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများ ဆောင်ရွက်ကြောင်းသတင်းရရှိပါသည်။
#ar
#shn_jan2020
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)