Author Archives: Department of Disaster Management
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၁၂:၃၀) နာရီမှ (၂:၀၀) နာရီထိ မကွေးမြို့နယ်၊ အ.မ.က(မူလွန်)မြင်းကင်း အခြေခံပညာမူလွန်ကျောင်းတွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၃၀၀) ဦးခန့်အား ငလျင်ဘေး၊ မီးဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး(၈) မျိုးဖြစ်ပွားပါက ဆောင်ရန်/ရှောင်ရန်များကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာများရရှိစေရန်အတွက် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့၊ ( ၀၄ : ၃၅ ) အချိန်ခန့်တွင် လားရှိုးမြို့နယ်၊ မန်းပွဲကျေးရွာအုပ်စု၊ ခိုက်တွေကျေး ရွာရှိ မီးဘေးသင့်နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀/-) နှင့် အိမ်ထောင်စု(၃) စု၊ လူဦးရေ (၁၆) ဦးအတွက် ဆန်(၇) ရက်စာ (၃၃,၆၀၀/-) အား (၃၀-၁-၂၀၂၀) ရက် နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fir … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀- ၁- ၂၀၂၀ ) ရက်နေ့၊ ( ၀၉ : ၃၀ ) အချိန်မှ ( ၁၂ : ၀၀ ) အချိန်အထိ လယ်ဝေးမြို့နယ်၊ (အ.ထ.က)သပြေပင်ကျောင်းတွင် ကျောင်းသား/သူ (၂၂၀) ဦးအား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက် နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် … Read more
-
ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်အထိ ရေစကြိုမြို့နယ်၊ ပေါက်တောကြီးကျေးရွာ၊ မူလွန်ကျောင်း၌ ကျောင်းသား/သူ၊ မိဘများနှင့် ဆရာ/ဆရာမ (၃၀၀) ဦးတို့ကို ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ သရုပ်ပြခြင်း၊ မေးခွန်းများ အပြန်အလှန် မေးမြန်းဖြေကြားခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #ar_tls #ar_str #ar_fld #mgy_jan2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင် စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင် ရပ်ကွက်၌ ( ၂၉ – ၁- ၂၀၂၀ ) ရက်နေ့ ၊ ( ၁၀ : ၄၅ ) အချိန်တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးလူနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀, ၀၀ဝိ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၂) ဦးအတွက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၉ – ၁ -၂၀၂၀) ရက်နေ့၊ ( ၁၃ : ၀၀ ) အချိန်တွင် ညောင်ဦးမြို့နယ်၊ ချောက်ကန်ကျေးရွာမှ ကျေး ရွာသူ / သား (၇၅) ဦးတို့အား မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသောဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်များ၊ ကော်ဖီမစ်ထုပ်များနှင့် လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သ တင်းရရှိပါသည်။ #ar #mdy_jan2020 Source: … Read more
-
ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဦးစီးမှူးရုံးသစ်(ပေ ၆၀၊ ၄ဝ၊ ၂၈) ၊ စတုရန်းပေ (၄,၈၀၀) နှစ်ထပ်ရုံးသစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပခြင်းအား (၃ဝ-၁-၂၀၂၀) ရက်နေ့၊ နံနက် (ဝ၉:ဝ၉) နာရီအချိန်မှ စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် မောင်တောခရိုင် တာဝန်ခံ ဦးမောင်မောင်ကြီး ခရိုင်အဆင့်ဌာနဆိုင်ရာ (၈) ဦး တက်ရောက်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။ #rke_jan2020 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဗွီနိုင်ပိုစတာလဲလှယ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့၊ ဘုရားလမ်းနှင့် မြို့ရှောင်လမ်းထောင့်၌ စိုက်ထူထားသော ရေဘေးအသိပညာပေးဗွီနိုင်းပို စတာနေရာတွင် မီးဘေးအသိပညာပေး ဗွီနိုင်းပိုစတာအား ( ၃၀ – ၁-၂၀၂၀ ) ရက်နေ့တွင် လဲလှယ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ayy_jan2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၃၀ – ၁ – ၂၀၂၀ ) ရက်နေ့၊ ( ၁၀ : ၀၀ ) နာရီအချိန်တွင် သောက်သုံးရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ် ၊ကြာကန်ကျေး ရွာအုပ်စု၊ ကြာကန်ကျေးရွာ (အရှေ့ပိုင်း+ တောင်ပိုင်း)နှင့် အရှေ့ကုန်း(တဲတိုက်)ရှိ ကျေးရွာနေပြည်သူ၊ အိမ်ခြေ (၁၁၃) လုံး၊ အိမ်ထောင် စု (၁၂၄) စု၊ လူဦးရေ … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဖောင်းကွဲ ကျေးရွာအုပ်စု၊တည်ပင်ကျေးရွာတွင် နေ့လယ်(၁၄:ဝဝ)အချိန်၌ ကျေးရွာလူထု(၁ဝဝ)ဦးအား သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် အသိပညာပေးဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_jan2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
